မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်သားအများအပြားသေဆုံးပြီး jammer စက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က နွားထိုးကြီးမြို့နယ် ရန်ကင်းဘုရားကနေ မြိုင်သာကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် တပ်သား ၇ ယောက်နဲ့အထက် သေဆုံးခဲ့ပြီး MA-5 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာအနီး ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်း အထိနာပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်သွားခဲ့တဲ့အတွက် စစ်သား ၄ ယောက်ကို ဖမ်းဆီးမိခဲ့ပြီး စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းထံက ငါးကြင်းမြှီး ၁ လက်၊ MA-11 ၃ လက်၊ G-3 ၂လက်၊ MA-1 ၁လက်၊ M79 ၁ လက်၊ MA-5 ၂ လက်၊ Drone ၂ စီး၊ ကျည်မျိုးစုံ ၃၃၁၂ တောင့်၊ ၄၀မမ ၃ လုံး၊ ၆၀မမ ၇ လုံး၊ RPG ၁ ဖူး၊ drop bomb ၄ ဖာ၊ ပိုယမ်းတောင့် ၁၁ တောင့်၊ လက်ပစ်ဗုံး ၁၂ လုံး၊ အီနာဂါ ၁ လုံး၊ ကျည်ဘောက် ၂၁ ဘောက်၊ ကတ်သီး ၁၃ ခု ၊ Jammer ကား ၁ စီး နဲ့ ကား ၃ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း မလှိုင်မြို့နယ် နှောကန်ရွာဘက်ကနေ အိမ်ကြီးတောရွာဘက် အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁၂ ရက်နေ့ထိ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား အယောက် ၂၀ ထက်မနည်းသေဆုံးပြီး စစ်သား ၅ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း MA -1 ၆ လက် ၊ MA-2 ၅ လက် ၊ MA-3 ၆ လက် ၊ MA -4 ၁ လက် ၊ RPG ၁ လက် ၊ ငါးကြင်းမြှီး ၂ လက် ၊ ၆၀မမ ပြောင်းတို ၃ လက် ၊ ၆၀မမ ပြောင်းရှည် ၁ လက် ၊ ငါးကြင်းမြှီးပြောင်း ၁ ခု ၊ ကျည်မျိုးစုံ ၆၀၇၈ တောင့် ၊ ပိုကျည် ၂၅တောင့် ၊ ၄၀ မမ ၁၅ လုံး ၊ ၆၀မမ ၁၁ လုံး ၊ RPG ၁၂ ဖူး ၊ RPG ပိုယမ်း ၉ တောင့် ၊ လျက်ဆားပုလင်း ၁၁ လုံး ၊ လက်ပစ်ဗုံး ၄ လုံး ၊ M9 ၂လုံး ၊ Drone ၂ စီး ၊ Drone Shooter ၂ ခု ၊ ကျောပိုး Jammer ၁ ခု ၊ Jammer အကြီး ၁ ခု ၊ ကား ၃ စီး ၊ Drone ဗုံးသီး ၂ ဖာနဲ့ ကျည်ဘောက်အစုံ ၅၆ ဘောက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မလှိုင်မြို့နယ် နှောကန်ရဲစခန်းကနေ စစ်ကူလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားထိခိုက်သေဆုံးပြီး MA – 1 ၄ လက် ၊ MA -2 ၂ လက် ၊ MA -3 ၄ လက် ၊ ၆၀မမ ပြောင်းတို ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Soe Aung Npdf

0 Shares:
You May Also Like
Read More

ကန်နီရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ‌စောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမြောက်ဘက်ကို မြေပဲဖော်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၂၀ ရက်က RC Plane၊ Drone နဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ 𝐌.𝐏.𝐋 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐅𝐨𝐫𝐜𝐞 အဖွဲ့ထံက သိရပါတယ်။
Read More

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

အမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ စလင်း ပကဖ ရဲဘော်‌တွေကို ပြည်သူများက အောင်သပြေပန်းနဲ့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
Read More

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတွင် ပြည်သူများကို လေကြောင်းနှင့် မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးဟောပြောပွဲပြုလုပ် (ရုပ်/သံ)

မင်းဘူးခရိုင်စစ်ဌာနအတွင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းနဲ့ မိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမြို့ပေါ်ရှိ စကခ ၁၉ နှင့် အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ စကခ ၁၉ နဲ့ အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်း (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျားထိုးတက်ပြီး လိုက်လံရှင်းလင်းနေတဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။