ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ IPU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးနဲ့ ဒုအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်တို့က အောက်တိုဘာလ ၂၁ ရက်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ မာတင်ချောင်ဂေါင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားဝင်မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်အသိအမှတ်ပြုရေး၊ အကြမ်းဖက်စစ်အုပ်စုက ပြင်ဆင်နေတဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ရဲ့ အဖွဲ့ဝင်လွှတ်တော်တွေက အသိအမှတ်မပြုရေးတို့အပေါ် ဆွေးနွေးဖလှယ်ခဲ့တယ်လို့ သိရပါတယ်။

151st Assembly of the Inter-Parliamentary Union. Meeting with Myanmar: Dr. Wi Myat Aye, Leader of the IPU delegation. October 21, 2025.
Geneva, Switzerland. (Photo IPU/Pierre Albouy)
151st Assembly of the Inter-Parliamentary Union. Meeting with Myanmar: Dr. Wi Myat Aye, Leader of the IPU delegation. October 21, 2025.
Geneva, Switzerland. (Photo IPU/Pierre Albouy)

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားဝင်မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက်အသိအမှတ်ပြုမှုမှာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံပေါင်း ၁၃၈ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာ ဒီနှစ်မှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။

151st Assembly of the Inter-Parliamentary Union. Meeting with Myanmar: Dr. Wi Myat Aye, Leader of the IPU delegation. October 21, 2025.
Geneva, Switzerland. (Photo IPU/Pierre Albouy)
151st Assembly of the Inter-Parliamentary Union. Meeting with Myanmar: Dr. Wi Myat Aye, Leader of the IPU delegation. October 21, 2025.
Geneva, Switzerland. (Photo IPU/Pierre Albouy)
0 Shares:
You May Also Like
Read More

ကျားဖြန့်ငွေလိမ်လည်မှုများအတွက် DKBA နှင့် ခေါင်းဆောင် ၄ ဦးကို အမေရိကန် အရေးယူ၊ ကျားဖြန့်နှိမ်နင်းရန် အမေရိကန် အထူးအဖွဲ့ ဖွဲ့စည်းထား

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ရွေးကောက်ပွဲ နိုင်ငံရေးဟန်ပြသာဖြစ်၍ အာဆီယံဥက္ကဋ္ဌ လက်မခံ

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း နိုင်ငံရေးဟန်ပြတစ်ခုအဖြစ် ပယ်ချခဲ့တယ်လို့ ထိုင်းသတင်း Thai Enquirer က မေလ ၂၆ ရက်မှာ ဖော်ပြပါတယ်။