တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက တန်းရှင်းရွာမှာ စစ်ကော်မရှင်တပ်နဲ့ KNDO တပ်ပေါင်းစုတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကြောင်းမှူးတစ်ယောက် ထိမှန်ကျဆုံးသွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီလောက်က တိုရွာမှာရှိတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ သင်္ကန်းတောရွာက တော်လှန်ရေးတပ်တွေ အဲဒီရွာ ၂ ရွာကြားမှာရှိတဲ့ တန်းရှင်းရွာမှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အခုလို ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရင်း KNDO တပ်ပေါင်းစုက ပြန်လည်ဆုတ်ခွာနေချိန် စစ်ကြောင်းမှူးဖြစ်တဲ့ ဗိုလ်သာဝါးကို ဒရုန်းထိမှန်ကာ ကျဆုံးသွားပြီး နောက်ထပ်တပ်သား ၂ ယောက်လည်း ထိမှန် ဒဏ်ရာရရှိသွားတဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

“စစ်***တွေကျတော့ တို ဘက်မှာနေတယ်။ တပ်ပေါင်းစုတွေကျတော့ သင်္ကန်းတောမှာနေတယ်။ ကြားထဲမှာ တိုက်ပွဲဖြစ်နေကြတယ်။ သူတို့ နောက်ဆုတ်နေတဲ့အချိန်မှာ ဒရုန်းနဲ့ လာချတယ်။ စစ်ကြောင်းမှူးကတော့ ပွဲချင်းပြီးဆုံးသွားတယ်၊ ဒဏ်ရာရတဲ့ ရဲဘော် ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး။ နောက်တန်းကိုရောက်သွားပြီ” လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။



အဆိုပါ ကျေးရွာနားမှာ စစ်ကော်မရှင်တပ်နဲ့ KNDO ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားနေတာ ၄ လဝန်းကျင်လောက် ရှိပြီဖြစ်ပြီး နေ့ထိုင်းနီးပါး ထိတွေ့မှုတွေ ရှိနေတာကြောင့် အနီးနားမှာနေထိုင်ကြတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“သူတို့နယ်မြေလုနေကြတာ တို နဲ့ သင်္ကန်းတောကြားမှာ။ ထိတွေ့ပစ်ခတ်မှုဖြစ်နေတာ ၄ လလောက်ရှိ ပြီထင်တယ်။ ထိတွေ့မှုကဖြစ်နေဆဲပဲ နေ့တိုင်းဖြစ်နေတာ။ အဲလိုတိုက်ပွဲတွေဖြစ်နေတော့ ရွာသားတွေလည်း စစ်ဘေးရှောင်တွေချည်းပဲ” လို့ အထက်ပါ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့က ဆက်ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့ကလည်း မြိတ်လေတပ်စခန်းဌာနချုပ်ကနေ တက်လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ တိုက်လေယာဉ်ဟာ သင်္ကန်းတောရွာနဲ့ တန်းရှင်းရွာတွေဘက်ကို ဗုံးသီး ၃ လုံးကြဲချကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲအသစ်တွေ ဆက်လက်ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချဖို့ MDY-PDF တပ်သားသစ်တွေခေါ်ယူနေ

မန္တလေးဒေသမှာ နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MDY-PDF က တပ်သားအသစ်တွေ လက်ခံခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာ ၂၂ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံး၊ စစ်မှုထမ်းတပ်သားသစ် ၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့် လက်နက်တချို့ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ပြောပါတယ်။
Read More

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေ နတ်မောက်မြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်…

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း၊ နတ်မောက်မြို့ကို အာဇာနည်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စာသင်ကျောင်းနဲ့ ဘုရားစေတီ ထိခိုက်ပျက်စီးခဲ့တယ်လို့ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဘားအံတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း လူ ၄၀၀၀ ခန့် ချီတက်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများစွာ ဆန္ဒပြခဲ့ကြတယ်လို့ ကရင်လူငယ်အစည်းအရုံး (KYO) က ဖော်ပြထားပါတယ်။