တော်လှန်ရေးစိုးမိုးနယ်မြေထဲရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ အရပ်ဘက်နေအိမ်တွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲဖျက်ဆီးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

စစ်‌ကော်မရှင်တပ်ဟာ အောက်တိုဘာ ၂၀ ရက်မှာ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာရှိ သူတို့ရဲ့ အထိုင်စခန်းကို လက်လွတ် ဆုံးရှုံးခဲ့ရပြီးနောက် လက်တုန့်ပြန့်တဲ့အနေနဲ့ Gyrocopter ၂ စီးကို အသုံးပြုကာ စာသင်ကျောင်းဆောင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင် ၂ ဆောင် အလုံးစုံပျက်စီးခဲ့ပြီး အခြားကျောင်းဆောင် ၂ ဆောင်လည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်နဲ့ ပြည်သူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ သူရဲ့ ဆုံးရှုံးမှုကို လက်တုန့်ပြန့်နေတဲ့အတွက် အများအပြည်သူတွေ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ စစ်မြေပြင်သဘာဝအတိုင်း ကြိုတင်အသိပေးထားတဲ့ နေထိုင်နည်းတွေကို လိုက်နာကြဖို့ Nay Pyi Taw PDF က အသိပေးထုတ်ပြန်ထားပါတယ်။

Video – Nay Pyi Taw PDF

0 Shares:
You May Also Like
Read More

အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ်-၂၊ တပ်ခွဲ-၃ KRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင်၊ တပ်ရင်း အမှတ်-၂၊ တပ်ခွဲ - ၃ KRA ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တို ဘာ ၁၇ ရက် ညနေပိုင်းက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

TNLA ဦးဆောင်တဲ့ ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပကဖမိုးကုတ်ရဲဘော်တွေ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

TNLA ဦးဆောင်ပြီး မိုးကုတ်ဗျူဟာ PDFတပ်ရင်း၊ 513 PDFတပ်ရင်းတွေနဲ့အတူ ၇ မိုင် ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပ.က.ဖ မိုးကုတ်ရဲဘော်များတွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိစ္ဆာစစ်တပ်၏ လေကြောင်းရန်ကို ကြောက်ရွံ့နေသည့် ကလေးငယ်များ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီး ပျံသန်းတာကို ကြည့်နေတဲ့ မောင်နှမ ၂ ယောက်ထဲက အစ်မ ဖြစ်သူက သူ့မောင်လေးကို အန္တရာယ်ကျရောက်မှာ စိုးရိမ်စိတ်နဲ့ ပြောလိုက်တာဖြစ်ပါတယ်။