ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်ကနေ ဖမ်းဆီးရမိသူတွေဟာ ၁၄ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ကာ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ ဖုန်း(၂၃)လုံးနဲ့ ကား(၃)စီးတို့ ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာလည်း လူ ၃ယောက်နဲ့အတူ ဖုန်း (၅)လုံး၊ ကား (၃) စီးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ၃ယောက်ကို ဖုန်း(၇)လုံး၊ လက်တော့ပ်(၁)လုံး၊ ကား(၁)စီးနဲ့အတူ ဖမ်းဆီးကာ မဟာအောင်မြေမြို့နယ်က ၂ယောက်ကိုလည်း ဖုန်း(၅)လုံး၊ လက်တော့ပ်(၁)လုံး၊ ကား(၁)စီးနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ၅ ယောက်နဲ့အတူ ဖုန်း(၉)လုံး၊ Tablet (၂)လုံးတို့ကို အသီးသီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုလို ဖမ်းဆီးမှုတွေကို စစ်တပ်က အယောင်ပြ ဖမ်းဆီးမှုတွေအဖြစ် မကြာခဏ လုပ်တတ်တာကြောင့် ဒီတခေါက် ဖမ်းဆီးမှုကလည်း ရွေးကောက်ပွဲနီးလာပြီ ဖြစ်တာကြောင့် အဖမ်းပြတာဖြစ်တယ်လို့ ဝေဖန်သံတွေလည်း ရှိနေပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရတော့ ဖမ်းဆီးခံရသူ ၂၇ ယောက်ဟာ ဘောလုံးလောင်းကစား Website တွေမှာ Agent တွေအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ကိုင်ပုံအဆင့်ဆင့်ကိုလည်း ဖော်ထုတ်သိရှိထားကာ အမှုဖွင့်အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အာဏာသိမ်းစစ်ကော်မရှင်)

0 Shares:
You May Also Like
Read More

အကြမ်းဖက် စစ်တပ် ပြည်သူ့စစ်မှုထမ်း စစ်သား ၂ ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး (KNU ) ထိန်းချုပ်ရာကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖားအံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ဆီ အကြမ်းဖက်စစ်တပ် ပြည်သူ့စစ်မှုထမ်းစစ်သားနှစ်ယောက် လက်နက်ချ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

DPLA လှုပ်ရှားနယ်မြေများမှာ ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းများနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ခဲ့…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

သရက်သီးထွက်ကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး၊ AK တစ်လက် ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ​ခြေလျင်တပ်တွေ တိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်အပါ ၉ယောက်သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်ဘက်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ခြေလျင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ယောက်သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။