ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်ကနေ ဖမ်းဆီးရမိသူတွေဟာ ၁၄ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ကာ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ ဖုန်း(၂၃)လုံးနဲ့ ကား(၃)စီးတို့ ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာလည်း လူ ၃ယောက်နဲ့အတူ ဖုန်း (၅)လုံး၊ ကား (၃) စီးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ၃ယောက်ကို ဖုန်း(၇)လုံး၊ လက်တော့ပ်(၁)လုံး၊ ကား(၁)စီးနဲ့အတူ ဖမ်းဆီးကာ မဟာအောင်မြေမြို့နယ်က ၂ယောက်ကိုလည်း ဖုန်း(၅)လုံး၊ လက်တော့ပ်(၁)လုံး၊ ကား(၁)စီးနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ၅ ယောက်နဲ့အတူ ဖုန်း(၉)လုံး၊ Tablet (၂)လုံးတို့ကို အသီးသီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုလို ဖမ်းဆီးမှုတွေကို စစ်တပ်က အယောင်ပြ ဖမ်းဆီးမှုတွေအဖြစ် မကြာခဏ လုပ်တတ်တာကြောင့် ဒီတခေါက် ဖမ်းဆီးမှုကလည်း ရွေးကောက်ပွဲနီးလာပြီ ဖြစ်တာကြောင့် အဖမ်းပြတာဖြစ်တယ်လို့ ဝေဖန်သံတွေလည်း ရှိနေပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရတော့ ဖမ်းဆီးခံရသူ ၂၇ ယောက်ဟာ ဘောလုံးလောင်းကစား Website တွေမှာ Agent တွေအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ကိုင်ပုံအဆင့်ဆင့်ကိုလည်း ဖော်ထုတ်သိရှိထားကာ အမှုဖွင့်အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အာဏာသိမ်းစစ်ကော်မရှင်)

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးက ကျေးရွာ ၂ ရွာကို အကြမ်းဖင်စစ်ကြောင်းက မီးဝင်ရှို့ရင်း အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို NUG ဝန်ကြီးတွေ ပါဝင်ဆင်နွှဲ (ဓာတ်ပုံသတင်း)

"လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် Profile Frame ကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ဆင်နွှဲခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် အမျိုးသမီးစစ်မှုထမ်းသင်တန်း ကြိတ်ပေးနေတာ ၂ လကြာပြီ ဖြစ်

အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute - MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။