ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့မှာ CDF ကန်ပက်လက် စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ၄ ယောက်  သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။

အောက်တိုဘာ ၂၄ ရက် ဒီမနက် ၉ နာရီလောက်မှာ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ မြို့မရပ်ကွက် (၂) ဆယ်မိုင်ကုန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ  ၂ ကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ် ။

“စစ်ချုပ်ရဲ့ မင်္ဂလာပွဲကို လာကြဲတာပါ။ ဖိတ်စာက အဲ့လိုဖြစ်မှာစိုးလို့ လိပ်စာတောင်မထည့်ဘူး၊ ဟိုရောက်ပြီး တစ်နေရာပြောင်းပြီး သွားကျင်းပကြတာတောင် ဖြစ်သွားတာ။ တကယ့် အတွင်းသတင်းပေးကြောင့်လို့ ယူဆရတယ်” လို့ နယ်မြေခံတစ်ယောက်က မောင်းကို ပြောပါတယ်။

CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာပွဲ ဖိတ်စာ

ဒါ့အပြင် လက်ရှိမှာ ပျောက်ဆုံးသူတွေရှိနေပြီး သေဆုံးမှုအရေအတွက် တိုးလာနိုင်သေးသလို ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာလည်း ၅ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် CDf-Kanpetlet စစ်ဦးစီးချုပ် ဇနီးမောင်နှံ ထိခိုက်မှုရှိမရှိ မသိရသေးသလို တပ်ဖွဲ့အနေနဲ့ သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

စစ်ကိုင်းခရိုင် တပ်ရင်း ၃ မှ ကျဆုံးရဲဘော် ၂ ဦး၏ ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင် တပ်ရင်း ၃ က ရဲဘော် ဆန်းသစ်နဲ့ ရဲဘော် ကြေးမှုံတို့ဟာ ဇူလိုင်လ ၁၀ ရက်က စစ်ကိုင်းမြို့နယ်၊ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တာရာ ကျဆုံးရဲဘော် ၂ ယောက်ကို ရည်စူးပြီး ဆွမ်းကပ် တရားနာ ပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တကသများ-ရန်ကုန်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်း

၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။