မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာအင်အား ၂၀၀နီးပါးနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား​တွေ ထိခိုက်သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ပေါက်မြို့အခြေစိုက် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ပေါက်မြို့နယ်မြောက်ပိုင်းကို ထွက်ခွာလာတဲ့ ခန့်မှန်း အင်အား ၂၀၀ ပါ စစ်ကြောင်းကို PRF နဲ့ တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာကနေ ခုခံတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် အချိန် ၁ နာရီကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးကာ ၈ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ
ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ

တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကြောင်းဟာ နေရာကနေ ရှေ့ဆက်မတိုးနိုင်တော့ဘဲ အထိနာပြီး ပြန်လည်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

“ပေါက် ကပစ ၂၄ က စစ်ကြောင်းပါ။ အဲ့ဒါ ကာကင်းဖြစ်တဲ့ ပျဉ်းမမှာ အင်အားဖြည့်ပြီး ဇီးပြားပျူရွာကို သွားဖို့အတွက် စစ်ကြောင်းထိုးတာ။ စစ်ကြောင်းထိုးရင်း ကြားထဲက ရွာတွေထဲ ရိက္ခာယူဖို့ ရည်ရွယ်ချက်နဲ့ပါပဲ။ အရင်ကလည်း စစ်ကြောင်းက အဲ့သလို လုပ်နေကျပါ။ ပြန်ဆုတ်သွားတဲ့ သဘောပါ။ အခုချိန်ထိတော့ ထပ်လှုပ်ရှားလာတာ မရှိသေးပါဘူး” လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နဲ့အတူ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ BORDERLESS နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ
0 Shares:
You May Also Like
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

အရာတော်နယ်ရှိ သစ်ချိုရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးတပ်သား ၁ ဦးအပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်သား ၁ ယောက်အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

တနင်္သာရီအခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ ဒုတပ်ကြပ်အပါ စစ်ကော်မရှင်တပ်သား ၃ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် (၅၅၇) ခြေမြန်တပ်ရင်းက ဒုတပ်ကြပ်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးဘက် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ အယောက် ၂၀ အထိ တိုးလာနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံး၊ ၅၂၂ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။