မန္တလေးတိုင်း၊ မြင်းခြံမြို့ဘက်နေ နွားထိုးကြီးလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ Double Cap ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက မြင်းခြံဘက်နေ နွားထိုးကြီးလမ်းအတိုင်း စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ မောင်းနှင်လိုက်ပါလာတဲ့ Double Cap ၃ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၁ ယောက် မျက်မြင်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ ထွက်ပြေး သွားကြတယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စု စီးနင်းလာတဲ့ ဂျမ်မာတင်ဆောင်ထားတဲ့ ယာဉ်ဟာ အသုံးပြုလို့ မရတော့တဲ့အတွက် နေရာမှာပဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်အုပ်စုထံကနေ MA1 ၁ လက်၊ MA3 ၁ လက်နဲ့ G3 ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း- zero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ကို သက် ကြီး

0 Shares:
You May Also Like
Read More

မြဝတီမြို့ ကျောက်ခက်မှာ နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ DKBA တို့ ပဋိပက္ခဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခတ်မှာ ဧပြီ ၁၃ ရက် မနေ့က ကျားဖြန့်လုပ်ငန်းနဲ့ ဆက် စပ်မှုရှိတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားရာမှာ နေရပ်ပြန်လိုတဲ့အတွက် ဆန္ဒပြခဲ့ရာကနေ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးဆောင်ရွက် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းမှာ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေတဲ့ ရုပ်သံဖိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆီမီးထွန်းရင်း အမှောင်တိကျခဲ့ရသည့် ချောင်းဦးဖြစ်စဉ်က အပြစ်မဲ့ပြည်သူများ (ရုပ်သံ)

‎ပြီးခဲ့တဲ့ ၂၀၂၅၊ အောက်တိုဘာလ ၆ ရက်သီတင်းကျွတ် လပြည့်ည၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရိုးရာမပျက် ဆင်နွှဲရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။
Read More

မြဝတီ မင်းလက်ပံကျေးရွာအတွင်းရှိ ကျားဖြန့်အလုပ်ရုံကို KNU စီးနင်းမှု တရုတ်အပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအတွင်း DKBA လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့် အလုပ်ရုံကို KNU က နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင် (ရုပ်/သံ)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။