(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၃ ရက် မနေ့က ကျင်းပခဲ့တဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ရဲ့ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူတို့ရဲ့ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ IPU ညီလာခံတွေနဲ့ အစည်းအဝေးတွေကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ဟာ အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့အချိန်မှာ ဆက်လက်အတည်ပြုခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ IPU ရဲ့ အစည်းအဝေးတွေကို မြန်မာကိုယ်စားပြုပြီး ဆက်လက်တက်ရောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့အရေးဖြေရှင်းမှုမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အခန်းကဏ္ဍဟာ အရေးပါလှသလို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို လက်တွေ့ကျပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုနဲ့ ပံ့ပိုးကူညီပေးဖို့နဲ့ စစ်မှန်တဲ့ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကို ပြည်သူလူထုက ပြတ်သားခိုင်မာစွာ တောင်းဆို၊ ကြိုးပမ်းနေတာကို ကမ္ဘာတစ်ဝှမ်းက သိမြင်ပြီး ထိရောက်သော အကူအညီတွေ ရရှိစေဖို့အတွက် ပြည်သူတို့နဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုကာ ဆက်လက်ကြိုးပမ်းသွားမယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဂျပန်နိုင်ငံရေးပါတီအမတ်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေ တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဒီဇင်ဘာ ၁ ရက်နဲ့ ၂ရက်နေ့မှာ ဂျပန်နိုင်ငံက လက်ရှိအာဏာရ နိုင်ငံရေးပါတီအပါအဝင် ပါတီ ၄ခုနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဂျပန်လွှတ်တော်အတွင်း တင်ပြနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည် 

ဆိုးရွားပြင်းထန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့  ငလျင်ဘေးအတွက် Quad အဖွဲ့ ဝင် ၄ နိုင်ငံက ကူညီမှုတွေပြုလုပ်ပေးသွားမယ်လို့ ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာပြည်၏ ကာလရှည်အကျပ်အတည်းကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပိုဆိုးလာကြောင်း ထိုင်း ပြော

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ထိုင်းအရာရှိတစ်ယောက်က ပြောဆိုကြောင်း Free Malaysia Today သတင်းက မေလ ၂၆ ရက်မှာ ပြောပါတယ်။ 
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ရုရှားအရာရှိများကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်များဖြင့် မင်းအောင်လှိုင် ဧည့်ခံခဲ့ဟု စစ်အုပ်စု ထိန်းချုပ် သတင်းစာ ဖော်ပြ

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အဏုမြူဖိုရမ် (World Atomic Week 2025) တက်ဖို့ သွားရောက်တဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားအရာရှိတွေကို ငါးသလောက်ပေါင်း၊ လက်ဖက်သုပ်တွေနဲ့ ဧည့်ခံခဲ့တယ်လို့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။