မန္တလေးတိုင်း၊ မြင်းခြံမြို့ဘက်နေ နွားထိုးကြီးလမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ Double Cap ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက မြင်းခြံဘက်နေ နွားထိုးကြီးလမ်းအတိုင်း စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ မောင်းနှင်လိုက်ပါလာတဲ့ Double Cap ၃ စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၁ ယောက် မျက်မြင်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ ထွက်ပြေး သွားကြတယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စု စီးနင်းလာတဲ့ ဂျမ်မာတင်ဆောင်ထားတဲ့ ယာဉ်ဟာ အသုံးပြုလို့ မရတော့တဲ့အတွက် နေရာမှာပဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်အုပ်စုထံကနေ MA1 ၁ လက်၊ MA3 ၁ လက်နဲ့ G3 ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း- zero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ကို သက် ကြီး

0 Shares:
You May Also Like
Read More

ရေဖြူမြို့ စစ်တပ် ဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်းခဲ့သည့် မှတ်တမ်းရုပ်သံ

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်ရှိ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်က ဒီမနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ပျူစောထီးရွာကနေ နွားစာလာရိတ်တဲ့ ပျူစောထီး ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ ယနေ့ နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲဝန်းကျင်ခန့်မှာ မြိုင်မြို့နယ်တောင်ပိုင်း သရက်ကန်ပျူစောထီး ရွာအနောက်ဘက်ရှိ မြေပဲခင်းကို နွားစာရိတ်ထွက်လာတဲ့ ပျူစောထီး ၁ ယောက်ကို စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရတာပါ။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီး အလောင်းများနှင့် လက်နက်ခဲယမ်းများ ကျန်ရစ်ကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အင်အား ၁၈၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းမတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ဆေးကြောင်နေသည့် စစ်သားများ ပါဝင်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နှင့် ပူးပေါင်းတပ်များ နယ်မြေရှင်းလင်းစဥ် စစ်သားအလောင်း ၁၆ လောင်းတွေ့ရှိ (ရုပ်/သံ)

ယမန်နေ့က ပစ်ချခံခဲ့ရသည့် ရဟတ်ယာဉ်ရှိရာနေရာကို KIA နဲ့ ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၁၆ လောင်းနဲ့ မီးလောင်ပျက်စီးနေတဲ့ သေနတ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ထံက သိရှိရပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်မြေအတွင်း ရေဘေးသင့်ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေ က နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ရုပ်/သံ)

ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့် ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေက နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း - P26002 အဖွဲ့ထံက သိရပါတယ်။