ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ပြီး အပြစ်မဲ့အမျိုးသမီး ၂ ယောက်ကို သတ်ဖြတ်ကာ ပစ္စည်းတွေ လုယက်ယူဆောင်သွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ပန္ဒူ- စေတီပြင် တောင်ကျော်လမ်းမှာ အောက်တိုဘာ ၂၂ ရက် မနေ့က နေ့လယ်ပိုင်းမှာ အကြမ်းဖက် ARSA အဖွဲ့က အပြစ်မဲ့ အရပ်သား ၅ ယောက် စီးနင်းလိုက်ပါလာတဲ့ ခရီးသည် ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ARSA တပ်ဖွဲ့ဟာ အပြစ်မဲ့ အရပ်သား အမျိုးသမီး ၂ ယောက်ကို ပစ်ခတ်သတ်ဖြတ်သွားပြီး (၃) နှစ်အရွယ် ကလေးငယ်က သေဆုံးသူ မိခင်ဘေးမှာ ကျန်ရှိကာ အမျိုးသား ၂ ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ AA က ဆိုပါတယ်။

သေဆုံးသွားသူတွေက အသက် (၃၀) နှစ်နဲ့ (၄၀) နှစ်အရွယ် အမျိုးသမီး ၂ ယောက် ဖြစ်ပြီး ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်လာသူ ၂ ယောက်ကတော့ ကားမောင်းသူ (၃၀) နှစ်အရွယ် အမျိုးသားနဲ့ (၂၅)နှစ်အရွယ် ခရီးသည်အမျိုးသား တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးသည်တင်ကားဟာ မောင်တောမြို့နယ်၊ မြိုယုရွာရဲ့ အရှေ့ဘက် တံတားအနီးကို အရောက်မှာ အကြမ်းဖက် ARSA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲလို အပြစ်မဲ့အရပ်သားပြည်သူတွေကို ချောင်းမြောင်း၊ ပစ်ခတ်၊ သတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့ဝင်တွေကို AA က လိုက်လံရှင်းလင်းနေပြီး ဒေသအတွင်း အကြမ်းဖက်အန္တရာယ် ကင်းဝေးစေရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခြေကုပ်ရယူထားပြီး နတ်မြစ်နဲ့ မယူတောင်လမ်းကြောင်းတွေကနေတစ်ဆင့် အာရက္ခဒေသရဲ့ မောင်တောခရိုင်အတွင်း စိမ့်ဝင်ရောက်ရှိနေတဲ့ ARSA ၊ RSO စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက မွတ်ဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့အတွက် နယ်စပ်နေပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ဖို့ AA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁လကျော်အတွင်း သေဆုံးသူ ၁၀ယောက်အထိရှိလာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းက​ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ၁ လ ကျော်အတွင်း အရပ်သား ၁၀ ယောက်သေဆုံးကာ ၂၉ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအန္တရာယ်ကြားမှ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြီးမြောက်အောင်မြင်ကြောင်း KNU ဗဟို ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ပညာရေး နှင့် ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ (၁၂)တန်း ကော်သူးလေအစိုးရစစ် စာမေးပွဲ ပြီးမြောက် အောင်မြင်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။