ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်က အရင်လို ဆင်ခြေဖုံးမြို့နယ်တွေသာမက ပန်းဆိုးတန်း၊ စမ်းချောင်းစတဲ့ လူစည်ကားရာ မြို့ပေါ်နေရာမျိုးတွေမှာပါ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း စစ်အင်အားစုဆောင်းရာမှာ အကြမ်းဖက်စစ်တပ်နဲ့ ရပ်ကွက်အာဏာပိုင်ဆိုသူတွေက နေအိမ်တွေထဲအထိ ရှောင်တခင်ဝင်ရောက်ဧည့်စစ် ဖမ်းဆီးတာ၊ စစ်မှုထမ်း နာမည်စာရင်းအလိုက် ခေါ်ဆောင်တာတွေအပြင် စစ်တပ်လက်ပါးစေ ပျူစောထီးလူမိုက်တွေက အရပ်ဝတ်တွေနဲ့ အတင်းအကြပ် ဝင်ရောက်ထိုးကြိတ် ဖမ်းဆီးတာမျိုးတွေလည်း ရှိလာပါတယ်။

အလုပ်သွားအလုပ်ပြန်နဲ့ အပြင်ထွက်လည်ကြတဲ့ လူငယ်တွေကို အရပ်ဝတ် ပျူစောထီးလူမိုက်တွေက အသင့်စောင့်ကြို ဖမ်းဆီးပြီး စစ်တပ်ထံ တိုက်ရိုက်ရောင်းစားကာ ငွေထုတ်ယူကြသလို မိသားစုတွေထံကနေ ငွေညှစ်တောင်းခံတာမျိုးတွေလည်း လုပ်ဆောင်နေကြပါတယ်။

Rangoon Scout Network ရဲ့ ဖော်ပြချက်အရ အောက်တိုဘာ ၂၂ ရက် မနေ့ညပိုင်းကလည်းတောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ စည်ပင်လမ်းမပေါ်မှာ တစ်ယောက်တည်း လမ်းလျှောက်ပြန်လာတဲ့ အသက်၂၅နှစ်အရွယ် အမျိုးသား ၁ယောက်ကို လှည့်ကင်းပတ်နေတဲ့ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးအဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း၊ မိသားစုက ညတွင်းချင်း ငွေကျပ် ၁၀သိန်း ပေပြီး ရွေးယူခဲ့ရကြောင်း သိရပါတယ်။

အလားတူ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းပေါ်၊ အထက (၃) (အမျိုးသမီးကျောင်း) နား လမ်းလျှောက်ပြန်လာကြတဲ့ အမျိုးသား ၄ယောက်ကို Probox ကား ၁ စီးနဲ့ အရပ်ဝတ်လူတစု က ရုတ်တရက် ဝင်ရာက်ဖမ်းဆီးရာမှာ လူငယ် ၁ယောက် ဖမ်းဆီးခံလိုက်ရပြီး ကျန်တဲ့သူတွေ လွတ်မြောက်သွားခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်လမ်းတစ်နေရာမှာ တစ်ယောက်တည်းလမ်းလျှောက်သွားနေတဲ့ လူငယ် ၁ယောက်ကို Taxi ၂ စီးနဲ့ လူတစ်စုက အနီးကပ် ချဥ်းကပ်ဝင်ရောက်ကာ အတင်းအကြပ် ထိုးကြိတ်ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အလားတူဖြစ်စဥ်မျိုးတွေဟာ အောက်တိုဘာလအတွင်း တာမွေ၊ စမ်းချောင်း၊ ဗဟန်းနဲ့ ဒဂုံမြို့သစ် မြို့နယ်တွေ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုက စစ်သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ထားပြီး နိုင်ငံတစ်ဝှမ်းက လူငယ်လူရွယ် အမျိုးသားတွေကို ဆိုးဆိုးရွားရွား စစ်အင်အားဖြည့်တင်းနေကာ လက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် (၁၈) သင်တန်းဆင်းပွဲကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ရက်နေ့က လုပ်ဆောင်ခဲ့ပါတယ်။

“အမှတ်စဉ်သစ် စခါနီး လူလိုနေတဲ့ချိန်တွေဆိုရင် မြို့ထဲဘက်တွေမှာပါ လိုက်ဆွဲပါတယ်ဗျ။ အဲ့ချိန်တွေဆို တော်တော်ဆိုးပါတယ်။ ဆွဲခံရပြီး အိမ်နဲ့ အဆက်အသွယ်ရရင်တော့ ပိုက်ဆံနဲ့ ပြန်ရွေးထုတ်လို့ ရတတ်တယ်။ ဆွဲခံရသူက အဆက်အသွယ် လုပ်ခွင့်မရဘူး၊ အိမ်က လိုက်စုံစမ်းတာလည်း မသိရဘူးဆိုရင်တော့ စစ်သင်တန်းကျောင်းဆီ ပို့ခံရပါတယ်ဗျ။ အခုနောက်ပိုင်း အများစုက ပျူ၊ လူမိုက် တွေပါလာတယ်။ ဒါပေမယ့် စစ်သားနဲ့ ရဲတွေလည်း အရပ်ဝတ်နဲ့ လိုက်ဆွဲတာတွေ ရှိပါတယ်။ ” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက လူငယ် ၃ယောက်မှာ ၁ယောက်နီးပါးဟာလည်း အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ယူခံရနိုင်ခြေအတွက် စိုးရိမ်နေကြရကြောင်းနဲ့ မြို့ပြက လူငယ် ၁၀ ယောက်မှာ ၄ယောက် (၄၀ %) ဟာ ညဘက်တစ်ယောက်တည်း လမ်းလျှောက်ချိန်တွေ မလုံခြုံဘူးလို့ ခံစားနေကြရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP Myanmar ကလည်း အသိပေးထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

အကျအဆုံးများစွာ ရင်ဆိုင်နေရသည့် စစ်တပ် ပြည်သူကို ပိုမို ဦးတည်တိုက်ခိုက်လာဟု AA ပြော၊ ပြည်သူများ စစ်ရေးသတိ အမြဲရှိနေကြဖို့ တိုက်တွန်း

မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အပြည့်အဝနဲ့ သတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၊ ၃ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ သေနတ် ၂လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) က ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ BLDF နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့တယ်လို့ သိရပါတယ်။