ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့က အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းမှာ အောင်လံမြို့နယ်၊ ရွှေပန်းတောရဲစခန်း အထိုင်ချထားရာနေရာကနေ အနောက်တောင်ဘက် မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်နေရာတွေကို လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးကျေးရွာက မနွဲ့ကြည် အသက် (၄၅) နှစ်ဟာ ပေါင်ကို လက်နက်ကြီးကျည်အစ  ၂ ချက် ထိမှန်ခဲ့ပြီးနောက် သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“လက်နက်ကြီးကျည်တွေက စမ်းမကြီးရွာထဲကိုလည်း ကျတယ်။ ရွာအနီးနားကိုလည်း ကျတယ်။ တချို့ကပြေးကြတယ်… တချို့ကျ ဗုံးခိုကျင်းထဲ ဝင်နေကြတယ်။ သူကတော့ တောထဲကပြန်လာပြီး ခြေထောက်ဆေးနေချိန် ဖြစ်သွားတာ” လို့ ဖြစ်စဉ်ကို သိရှိသူက မောင်းကို ပြောပါတယ်။

သေဆုံးသူအမျိုးသမီးမှာ အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပေါက်ကွဲမှုတွေကြောင့် ကျေးရွာထဲက နေအိမ်တချို့လည်း သွပ်အမိုးအကာတွေ လန်ပြီး အိမ်နံရံတွေ၊ အိမ်တိုင်တွေလည်း ပျက်စီးကုန်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်ကြည်ပြာအမှု အမှန်တရား ဖော်ထုတ်မည်ဟု ဒေါက်တာဇော်ဝေစိုး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မြို့လုံးကျွတ် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော် ပျဥ်းမနားတွင် သေဆုံးသူ ၉၀ ကျော်အထိ ရှိလာပြီး ပိတ်မိနေသူများကိုလည်း ဆက်လက်ကယ်ထုတ်နေရ

နေပြည်တော် ပျဥ်းမနားမြို့မှာ ငလျင်ဒဏ်ကြောင့်ထိခိုက်သေဆုံးသူဦးရေ ၉၀ ကျော်အထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရရှိထားသူတွေနဲ့ ပိတ်မိနေသူရာနဲ့ချီကို လူမူကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ကယ်ထုတ်နေ​ရတယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။