(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော်သေဆုံးပြီး ပြည်သူ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။

“အကျပ်အတည်းကာလများ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို မြှင့်တင်ခြင်းနှင့် လူသားချင်းစာနာမှု လုပ်ငန်းများကို ပံ့ပိုးကူညီခြင်း” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ General Debate အစီအစဉ်မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ဒေါ်ဇင်မာအောင်က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကတည်းက အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ရဲ့ ပြည်သူတွေအပေါ်ကို စစ်ပြန်တိုက်နေပါတယ်။ ယနေ့ထိ ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံထားရပြီး ဖြစ်ပါတယ်။ လူ ၂၂,၀၀၀ ကို အကြောင်းပြချက်မရှိ ဖမ်းဆီးထားပါတယ်။ ပြည်သူ ၅ သန်းကျော်ဟာ နေရပ်စွန့်ခွာနေရပါတယ်။ ကျေးရွာ အမြောက်အမြားဟာလည်း ဖျက်ဆီးခံထားရပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံထားရပါတယ်။” လို့ ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

ပြည်သူလူထုက ပေးအပ်ထားတဲ့ အခွင့်အာဏာကို ဆက်လက်ကိုင်စွဲထားပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ကိုယ်စားပြုပြီးတော့ အခုအစည်းအဝေးကို တက်တာဖြစ်တယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခဟာ လူတစ်ဦးရဲ့ ရက်စက်ကြုမ်းကြုတ်မှုကြောင့်ဖြစ်တဲ့ ပဋိပက္ခ ဖြစ်တယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

“ယနေ့မှာ မြန်မာနိုင်ငံဟာ ကျမတို့ခေတ်တလျှောက် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေထဲက အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရပါတယ်။ ဒါဟာ သဘာဝကြောင့် ဖြစ်တဲ့ ပဋိပက္ခတစ်ခု မဟုတ်ပါဘူး။ လူတစ်ဦးရဲ့  ရက်စက်ကြုမ်းကြုတ်မှုကြောင့် ဖြစ်တဲ့ ပဋိပက္ခပါ။ တမင်ဖန်တီးထားတဲ့ နိုင်ငံရေးပဋိပက္ခအပြင် မြန်မာနိုင်ငံဟာ တိုင်ဖုန်းယာဂီနဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ငလျင်အပါအဝင် ထိခိုက်ပျက်စီးစေတဲ့ သဘာဝဘေးတွေကိုလည်း ခံစားခဲ့ရပြီး ဖြစ်ပါတယ်။ ငလျင်ကြောင့် အသက်ပေါင်း ၅,၃၀၀ သေဆုံးခဲ့ရပါတယ်။” လို့ ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

ဒေါ်ဇင်မာအောင်က စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ဆန့်ကျင်ပေးဖို့နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနဲ့ မြန်မာ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို IPU က တရားဝင် လွှတ်တော် မိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားမှုကို ဆက်လက်အတည်ပြုပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုထားသလို နယ်မြေဒေသအားလုံးမှာ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ချက်ချင်း အတားအဆီးမရှိ ရရှိနိုင်ရေး တောင်းဆိုပေးဖို့ကို ဒေါ်ဇင်မာအောင်က မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင် အလုံးစုံ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့နဲ့ လက်ရှိပဋိပက္ခကို လက်တွေ့ကျတဲ့ ဖြေရှင်းမှုအတွက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို ပံ့ပိုးပေးဖို့ ဒေါ်ဇင်မာအောင်က တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

ထိုင်းအစိုးရက မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြု၊ ကုလသမဂ္ဂ ကြိုဆို

ထိုင်းနိုင်ငံမှာ ရေရှည် ခိုလှုံနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက ဩဂုတ်လ ၂၆ ရက် အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
Read More

တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ ထောင်ကျော်ထိ ရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ

နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ထိုင်းရဲ့ ဒေသတွင်း အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

ဘန်ကောက်မှာ ပြုလုပ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဆွေးနွေးပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ဂျပန်နိုင်ငံရှိ မြို့ကြီးများတွင် စစ်ကောင်စီကို ထောက်ခံ ကူညီနေမှုများ ရပ်တန့်ရန်နှင့် မြန်မာ့အ​ရေး မစွက်ဖက်ရန် တရုတ်အစိုးရကို ချီတက်ဆန္ဒပြ

ဂျပန်နိုင်ငံရှိ မြို့တော် တိုကျိုအပါအဝင် မြို့ကြီး ၄ မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီနေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့ တရုတ်အစိုးရကို ချီတက်ဆန္ဒပြခဲ့တယ်လို့ NUG Support Team Japan က မနေ့က ထုတ်ပြန်ပါတယ်။