အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလို အာဆီယံ ထိပ်သီးညီလာခံအစည်းအဝေး တက်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈အထိ သုံးရက်ကြာကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ်လို့ စစ်တပ် ထောက်ခံတဲ့ သတင်းမီဒီယာတချို့က ဖော်ပြခဲ့ပေမယ့် ညီလာခံမစတင်မီ ရက်ပိုင်းအလိုမှာ မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင် မတက်ရောက်ဘူးလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်က မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် ၂၀၂၁ ဧပြီမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်မှာသာ ဆက်လက် ရပ်တည်ဆဲဖြစ်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားဆဲဖြစ်တယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။

အာဆီယံဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကတည်းက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ကိုယ်စားလှယ် (non-political representative) ကိုသာ စစ်အုပ်စုကို တက်ရောက်ခွင့်ပြုမယ်လို့ ဆုံးဖြတ်ခဲ့သလို အဲဒီနောက်ပိုင်းမှာလည်း စစ်ခေါင်းဆောင်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှု မရှိတာကြောင့် အာဆီယံထိပ်သီးညီလာခံအပါအဝင် ဆက်စပ်အစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့ပါဘူး။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပြင် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့်နဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မရခဲ့သလို စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခွင့်မရတာ အကြိမ်အရေအတွက်အားဖြင့် အနည်းဆုံး ၉ ကြိမ် ရှိပါပြီ။

လာမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားဒုဝန်ကြီးချုပ် စတဲ့ အင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေသလို ဖိလစ်ပိုင် နိုင်ငံက အာဆီယံဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းရယူဖို့ရှိနေပြီး မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ တီမောနိုင်ငံကလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံသစ်တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

အင်တာနက်အဖြတ်ခံရသည့် မြဝတီမှ ကျားဖြန့်များ စတားလင့်ခ်ကို အဓိကအသုံးပြုလာ

ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေအတွင်း အင်တာနက် ဖြတ်တောက်ခံထားခဲ့ရတဲ့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ် အင်တာနက်ကို အဓိကအသုံးပြုလာကြောင်း လေ့လာသူတွေက ပြောပါတယ်။  
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး လွတ်လပ်ရေးနေ့မှာ ပြန်လွတ်မယ်လို့ ထိုင်းပြော

ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီရေတပ်က ဖမ်ဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ယောက်ကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။
Read More

စစ်တပ် ကျူးလွန်နေသည့် အစုအပြုံလိုက် သတ်ဖြတ်မှုများအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးယူမှု ချက်ချင်းလိုအပ်ကြောင်း APHR တိုက်တွန်း

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အကြမ်းဖက်စစ်တပ် ဆက်လက်ကျူးလွန်နေတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး ဒီအပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု ချက်ချင်းလိုအပ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က တိုက်တွန်းပြောဆိုလိုက်ပါတယ်။