ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ “အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး” ခေါင်းစဉ်နဲ့ အပြန်အလှန်ဆွေးနွေးရာမှာ မြန်မာ့အခြေအနေဟာ အလွန်ဆိုးရွားနေပြီး လူဦးရေထက်ဝက်ကျော်ဟာ ဆင်းရဲတွင်းနက်နေကြောင်း ထောက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး မတရားစစ်အာဏာသိမ်းမှုရဲ့ ရလဒ်တွေနဲ့ စစ်အုပ်စုကနေ အရပ်သားပြည်သူတွေအပေါ် ဆင့်ကဲကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်ဆိုးရွားလာနေတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ဟာ ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နေပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ ဖယ်ကျဉ်ရေး ဦးတည်ချက်တို့ကြောင့် ပြည်သူ ၃.၆ သန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကာ ၂၂ သန်းခန့်သော ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အရေးတကြီး လိုအပ်နေတယ်လို့ သံအမတ် ဦးကျော်မိုးထွန်းက ဆိုပါတယ်။

ထို့ပြင် စစ်အုပ်စုရဲ့ လက်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် အမျိုးသမီးတွေနဲ့ လူငယ်လူရွယ်တို့မှာ လူကုန်ကူးခံရနိုင်တဲ့ အန္တရာယ် အလွန်မြင့်မားလျက်ရှိပြီး အွန်လိုင်းလိမ်လည်လှည့်ဖြားမှု၊ လူနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှု စတဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းတွေရဲ့ သားကောင်တွေ ဖြစ်နေရတယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

၂၀၂၂ ခုနှစ်မှာ ကလေးသူငယ် ၅၃ ရာခိုင်နှုန်းဟာ အမျိုးသားရေးအဆင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ကျရောက်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက စားနပ်ရိက္ခာမဖူလုံမှု ပြဿနာဖြင့် ရင်ဆိုင်နေရကာ မြန်မာနိုင်ငံဟာ ကမ္ဘာ့စားနပ်ရိက္ခာ မဖူလုံတဲ့ နိုင်ငံတွေအနက် အဆင့် (၅) မှာ ရှိနေတယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး ဝိုင်းဝန်းကူညီပေးကြဖို့၊ စစ်အုပ်စုကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဝိုင်းဝန်းကူညီပေးကြဖို့ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုကို ဘယ်လိုတရားဝင်မှုမျှ မပေးအပ်ဖို့၊ စစ်အုပ်စုကနေ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အားလုံးစုပေါင်းပြီး ညီညီညွတ်ညွတ် ကန့်ကွက်ပေးကြဖို့ကိုလည်း အသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ခွင့်ပြုချက်မပေးလို့ နိုင်ငံခြားသား ၆၁ ဦးကို လိမ်လည်လုပ်ငန်းတွေကနေ ပြန်လွှတ်ဖို့ BGF ဆိုင်းငံ့

စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရသေးတာကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လိမ်လည်လုပ်ငန်းတွေကနေ နိုင်ငံခြားသား ၆၁ ဦးကို ပြန်လွှတ်ပေးဖို့ရာက BGF က ဆိုင်းငံ့ထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

ချွန်ပူရီမှာ မြန်မာလုပ်သား ၁၀၀ နီးပါး အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွား၊ နှစ်ဦးဒဏ်ရာပြင်းထန်ပြီး ထိုင်းရဲတပ်ဖွဲ့ လိုက်လံ စုံစမ်းနေ

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်က မြန်မာအလုပ်သမား ၁၀၀ နီးပါးလောက်ဟာ လက်နက်ကိုယ်စီနဲ့ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ် ခိုက်ရန် ဖြစ်ပွားခဲ့ကြရာ နှစ်ယောက် အပြင်း အထန်ဒဏ်ရာ ရရှိသွားပြီး ထိုင်းရဲတပ်ဖွဲ့က ပါဝင်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော် သေဆုံးကာ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြော

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော်သေဆုံးပြီး ပြည်သူ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။