ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။

အောက်တိုဘာ ၂၂ရက် မနေ့ည ၆နာရီခွဲဝန်းကျင်မှာ လုံးခင်းနဲ့ မှော်စီစာဘက်တွေမှာ အဖွဲ့အစည်းတစ်ခုက ကားနဲ့ရောက်လာပြီး သေနတ်ကို မိုးပေါ်ထောင်ပစ်ခဲ့လို့ ကျောက်ဝိုင်းကလူတွေ အလန့်တကြားထွက်ပြေးခဲ့ကြရပေမယ့် ဘယ်အဖွဲ့က လာပစ်တာလဲဆိုတာ အခုချိန်ထိ မသိရသေးပါဘူး။

“သေနတ်ကို မိုးပေါ်ထောင် ဖောက်သွားတာပါ၊ ဘယ်က ဖောက်သွားမှန်းတော့ မသိဘူး၊ လုံးခင်းဝိုင်းရော၊ မှော်စီစာဝိုင်းရော နှစ်ဝိုင်းလုံးမှာ ကားပေါ်ကနေ မိုးပေါ်ထောင် ဖောက်သွားတာ။  ဘယ်အဖွဲ့က လုပ်တာလဲဆိုတာတော့ အဲ့ဒါ အတိအကျမသိဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

မနေ့ညက အဲ့လို သေနတ်ပစ်ဖောက်မှုကြောင့် ကျောက်အရောင်းအဝယ်တွေ ပျက်ပြီး ထွက်ပြေးခဲ့ရပေမယ့် ဒီမနက်မှာတော့ နယ်ခံတွေ ပုံမှန်အတိုင်း နေထိုင်သွားလာနေကြပြီလို့ သိရပါတယ်။

“အဲဒီနေရာမှာ ကျောက်ဝယ်တဲ့သူ၊ လာရောင်းတဲ့သူ၊ အဲ့လိုစုံကြတဲ့နေရာ၊ အဲ့မှာကျောက်ဝယ်တဲ့လူတွေက ခဏတဖြုတ်စောင့်နေတယ်။ ကျောက်ဝိုင်းဆိုတာက အမြဲတမ်း ရှိနေတာမဟုတ်ဘူး။ အိမ်ရှင်တွေကလည်း သူတို့အိမ်ခန်းအပေါက်လေးတွေမှာ ခုံလေးတွေ ချထားပေးတယ်၊ အဲဒီခုံလေးပေါ်မှာထိုင်၊  ကျောက်ထိုင်ဝယ်မယ်ဆို တစ်ရက်ကို ၅ ထောင်၊ လမ်းဘေးခုံတွေကျတော့ တစ်ယောက်ထိုင်ရင် ၂ ထောင်၊ အဲလိုမျိုးရှိတယ်။ အဲဒီမှာ လာရောင်းတဲ့သူတွေက အမျိုးသား၊ အမျိုးသမီးအစုံပေါ့လေ။ ကျောက်အရောင်းဝယ်လုပ်တဲ့ဈေးပေါ့” လို့ ဆိုပါတယ်။

မနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ လုံးခင်း၊ မှော်စီစာရွာနားမှာ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း စစ်ကော်မရှင်တပ်နဲ့ KIA , KPDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အမှတ် ၁ စစ်ဒေသမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဆီကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက်က လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ရဲစခန်းနဲ့ မနီးမဝေးမှာ ဂိတ်ချစစ်ဆေးနေတဲ့ ရဲတွေ ရှောင်တခင် ဝင်ပစ်ခံရလို့ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ ရဲစခန်းနဲ့ မနီးမဝေး ဂိတ်ချစစ်ဆေးနေတဲ့ အကြမ်းဖက်ရဲတွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲ၂ယောက်နဲ့ သတင်းပေး ၁ယောက် သေဆုံးသွားကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖယ်ရှားပြီးတဲ့ အခါ ကျန်ရှိတဲ့ စစ်တပ်တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဆွေးနွေးပြီး အာဏာလွှဲပြောင်းရေးကို လုပ်ဆောင်သွားမယ်လို့ NUG ပြော

စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပါက  ဘုံနိုင်ငံရေး ဦးတည်ချက် ( ၆ )ရပ်ကိုလက်ခံပြီး ကျန်ရှိနေမယ့် မြန်မာစစ်တပ်က တာဝန်ရှိသူအချို့နဲ့ ဆွေးနွေးပြီး အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။
Read More

နတ်ရေကန်ဂိတ်မှ ခြေလျင်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်ကနေ ခြေလျင်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ People’s Defence Force – South Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။