ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့က အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းမှာ အောင်လံမြို့နယ်၊ ရွှေပန်းတောရဲစခန်း အထိုင်ချထားရာနေရာကနေ အနောက်တောင်ဘက် မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်နေရာတွေကို လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးကျေးရွာက မနွဲ့ကြည် အသက် (၄၅) နှစ်ဟာ ပေါင်ကို လက်နက်ကြီးကျည်အစ  ၂ ချက် ထိမှန်ခဲ့ပြီးနောက် သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“လက်နက်ကြီးကျည်တွေက စမ်းမကြီးရွာထဲကိုလည်း ကျတယ်။ ရွာအနီးနားကိုလည်း ကျတယ်။ တချို့ကပြေးကြတယ်… တချို့ကျ ဗုံးခိုကျင်းထဲ ဝင်နေကြတယ်။ သူကတော့ တောထဲကပြန်လာပြီး ခြေထောက်ဆေးနေချိန် ဖြစ်သွားတာ” လို့ ဖြစ်စဉ်ကို သိရှိသူက မောင်းကို ပြောပါတယ်။

သေဆုံးသူအမျိုးသမီးမှာ အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပေါက်ကွဲမှုတွေကြောင့် ကျေးရွာထဲက နေအိမ်တချို့လည်း သွပ်အမိုးအကာတွေ လန်ပြီး အိမ်နံရံတွေ၊ အိမ်တိုင်တွေလည်း ပျက်စီးကုန်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
Read More

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများအား ဂုဏ်ပြုကြောင်း KNLA  တပ်မဟာ ၄ ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့မှုမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း တပ်မဟာ(၄) တပ်မမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
Read More

ဆိုးရွားယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ သက်ဆိုးမရှည်ရေး နိုင်ငံတကာ ကူညီပေးဖို့ NUG တောင်းဆို

စစ်ကောင်စီရဲ့  စစ်ရာဇ၀တ်မှုကျူးလွန်နေမှုအပေါ် နိုင်ငံတကာက တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်တာကြောင့် ပိုမိုအတင့်ရဲနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသာသာခွင့်အမိန့်အရ ပုလဲ ပအဖ က အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်သိမ်းလိုက်ပြီဟု သတင်းများ ထွက်ပေါ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။