ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာလ ၂၁ ရက်မှာ ညီလာခံရဲ့ General Debate အစီအစဉ်၊ “Safeguarding humanitarian action in times of armed conflict” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရေးမြှင့်တင်မှုကော်မတီရဲ့ အစည်းအဝေးတို့ကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရေးမြှင့်တင်မှုကော်မတီရဲ့ အစည်းအဝေးမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက “ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရမှုများ၊ အကြမ်းဖက်မှုများ ခံစားနေရမှုများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေမှုများ၊ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ လုပ်ဆောင်နေမှုများ၊ ယင်းအကြမ်းဖက်လုပ်ရပ်များကြောင့် ဆေးရုံ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးနေမှုများ၊ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိတ်ဆို့နေမှုများ” ကို ရှင်းလင်းတင်ပြခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းတွေ ချိုးဖောက်နေမှုတွေကို ထောက်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဖိလစ်ပိုင်နိုင်ငံတို့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဇင်မာအောင်က ညီလာခံရဲ့ General Debate အစီအစဉ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး https://www.youtube.com/live/FZfvTNAdqSY?si=LH0rYFaBC6fTl_71 ကနေ တိုက်ရိုက်ကြည့်ရှုနိုင်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းတောင်ပိုင်းရေကြီးမှုကြောင့် CI ပျောက်ဆုံး၊ ပျက်စီးပါက နီးစပ်ရာစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ဟု ဆို

ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ Certificate of identity- CI ပျောက်ဆုံး ပျက်စီးတာနဲ့ ငွေပေးသွင်းထားပြီး ပြုလုပ်ဖို့ ကျန်ရှိနေရင် နီးစပ်ရာ ဘယ် CI စခန်း မှာမဆို သွားရောက်လျှောက်ထားနိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာအပါအဝင် ရာဂီမုန်တိုင်းဒဏ်သင့်ဒေသတွေကို စင်္ကာပူစစ်တပ် အကူအညီပေး

မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်က မုန်တိုင်းဒဏ်သင့် လူမှုအသိုင်းအဝိုင်းတွေကို စင်္ကာပူစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားမယ်လို့ CNA သတင်းက စက်တင်ဘာလ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။
Read More

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ် အာဆီယံလွှတ်တော်အမတ်တွေ ဝေဖန်ကန့်ကွက်ရှုံ့ချ

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

(၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှ စစ်ကောင်စီကို ILO ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့မှုကို ကြိုဆိုကြောင်း CRPH ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ (၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံရဲ့ ဇွန်လ ၅ ရက် စုံညီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း၊ ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေ့ပြောင်းလုပ်သားချင်းတူပေမယ့် ပိုမိုဖိနှိပ်ခံနေရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။