စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုမျိုးစုံ လုပ်ဆောင်နေသလို မြို့အရှေ့ခြမ်းမှာလည်း စစ်ကြောင်းတွေဖြန့်ထားတာကြောင့် ကျေးရွာပေါင်း ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဝက်လက်မြို့နယ်အနောက်ခြမ်း၊ ရွာသာကြီးကျေးရွာတဝိုက်ကို အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းကစလို့ ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာတွေအသုံးပြုပြီး နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၁ ရက် ဒီနေ့မနက်ပိုင်းကလည်း စစ်အုပ်စုဟာ ဂျိုင်ရိုကော်ပတာ ၂ စီး၊ ဂျက်ဖိုက်တာ ၁ စီးနဲ့ တိုက်ခိုက်ခဲ့သလို နေ့လယ်ဘက်မှာလည်း အသေခံဒရုန်းတွေ၊ ဂျက်ဖိုက်တာတွေနဲ့ပါ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာလည်း စစ်အုပ်စုက ထပ်မံပြီး လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄၊ ၁၅ နဲ့ ၁၆ ရက်နေ့တွေတုန်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်မှုရှိခဲ့ပါတယ်။

” နေ့စဥ်နဲ့အမျှ ရွာသာကြီးကို လေကြောင်းတိုက်နေပါတယ်။ ဒီနေ့ဆိုလည်း ဂျိုင်ရိုကော်ပတာ ၁ခေါက်ကို နှစ်စီးနဲ့ ၂ခေါက် တိုက်သွားပါတယ်။ ဂျက်ဖိုက်တာလည်း ၃စီးလာပါတယ်။ ပေါင် ၂၀၀၊ ၃၀၀ တွေအပြင် စက်လက်တွေပါ ကုပ်ပါတယ်” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ဟာ တော်လှန်ရေးနှစ်ဦးပိုင်းကတည်းက ရွာသာကြီး ကျေးရွာကိုတပ်စွဲနေတာဖြစ်ပြီး ဒေသခံတွေဟာ အဲ့အချိန်ကတည်းက တိမ်းရှောင်ရတာမျိုး ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုဘက်သတင်းတွေရဲ့ ဖော်ပြချက်အရ ရွာသာကြီးကျေးရွာဘက်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စု ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာလည်း အကြမ်းဖက်စစ်ကြောင်းတွေ တပ်ဖြန့်ထားတာကြောင့် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။

အထက်ပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက ရှိန်းမက္ကားစစ်တပ်ထဲကနေ ထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီး တစ်ဖက်မှာလည်း အရာတော်မြို့နယ်အရှေ့ဘက်ခြမ်း၊ သလဲဘာပျူစောထီးကျေးရွာကနေ ထွက်ခွာလာတဲ့ အင်အား ၅၀ ပါ အကြမ်းဖက်စစ်ကြောင်းဟာ မူးမြစ်ကိုကူးကာ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာအတွင်း သေနတ်ပစ်ဖောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ကုန်းရွာခံ အမျိုးသမီး၂ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းနဲ့ စစ်ရှောင်နေရတဲ့ ကျောက်ကုန်းရွာနေ အရပ်သားပိုင်ပစ္စည်းတွေကိုလည်း သလဲဘာပျူစောထီးကျေးရွာကို ခိုးယူသယ်ထုတ်နေကြောင်း နွေဦးအောင်ပွဲ (တော်လှန်ရေးအင်အားစု) က ပြောပါတယ်။

စစ်အုပ်စုတွေဟာ ကျောက်ကုန်းကျေးရွာကို ၃ ကြိမ်မြောက် စစ်ကြောင်းဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ဆုံးအကြိမ် ဝင်ရောက်ချိန်တုန်းကလည်း ရွာခံအရပ်သား ၄ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရင်း အသက်ပေးခဲ့ရသည့် ABSDF ရဲဘော် ၃ ဦး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်းက ရဲဘော် ၃ယောက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း ABSDF Column – 3 က ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မုံရွာ နမခမှ စစ်ကောင်စီတပ်သား ၃ ဦး မုံရွာ ပကဖ ဆီ လက်နက်မဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။