အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ရုပ်သံဖိုင်အတွင်း လေယာဉ်ပျံသန်းသွားတဲ့အတွက် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးကြရပြီး ဘေးလွတ်ရာ အဆောက်အအုံအတွင်း ပုန်းရှောင်ခဲ့ကြရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် နိုင်ငံအနှံ့အပြားရှိ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူစုလူဝေး နေရာတွေကို အရပ်သားပြည်သူနဲ့ စစ်ရေးပစ်မှတ် ခွဲခြားခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်မှု စစ်သား ၇ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်မှာ ခရီးသွားပြည်သူတွေကို မတရားဖိနှိပ် ပိုက်ဆံတောင်းတာ၊ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၇ ရက် ညပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။
Read More

မင်းဘူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တာချီလိတ်မြို့မှာ ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက် ကမ္ဘောဇဘဏ်ရှေ့မှာ ပြန်ပေးဆွဲခံရ (ရုပ်/သံ)

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဒီနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသား ၁ ယောက်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကမ္ဘောဇဘဏ်ရှေ့မှာ ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ လေးနှစ်တာကာလအတွင်း လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးလှုပ်ရှားမှု ပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့်မြောက်အဖြစ် လေ့ကျင့် ရေး၊ စစ်ဆင်ရေးနဲ့ လူထုအခြေပြုလုပ်ငန်း လုပ်ငန်းလုပ်ဆောင်ချက် မှတ်တမ်းရုပ်သံကို PRF အလံတင်သီချင်းနဲ့အတူ ထုတ်ပြန် လိုက်ပါတယ်။