ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်အစောပိုင်း အများပြည်သူ အိပ်မောကျနေချိန်မှာ အကြမ်းဖက်စစ်တပ်က တော့ဆန်အုပ်စု၊ မန်စန်းကျေးရွာ အလယ်ကို ပေါင် (၂၅၀) ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဟုတ်တယ် မန်စန်းက မိုင်းလုံနယ်ထဲမှာ ပါတယ်၊ သေတာတော့ မရှိပါဘူး၊ ဒဏ်ရာပဲ ထိခိုက်ကြတယ်၊ အိမ်တွေတော့ ပျက်တယ်” လို့ မိုင်းလုံမြို့နယ်ကို ရောက်ရှိနေတဲ့ အမျိုးသားတစ်ယောက်က ပြောကြောင်း တအာင်းအမျိုးသမီးအဖွဲ့စည်းက သတင်းဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ဘယ်ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိပြီး ၃၅ နှစ်အရွယ် အမျိုးသမီးက ဦးခေါင်းနဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ ကျေးရွာအလယ်တည့်တည့်မှာ ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ ရက်ကနေ ၂၂ ရက်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ တစ်ဖက်သတ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁၃ ယောက်အပါအဝင် ၄၁ ယောက် သေဆုံးပြီး ကလေး ၁၅ ယောက် အပါအဝင် ၆၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ တအာင်းအမျိုးသမီးအဖွဲ့အစည်း)

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် စစ်ကြောင်းဝင်မီးရှို့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့၊ နှစ်ဖက်ထိခိုက်မှုများပြီး စစ်ကောင်စီက ရွာများကိုဆက်လက်မီးရှို့နေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲကို မီးဝင်ရှို့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

အောင်လံမြို့အခြေစိုက် ကပစ ၁၅ မှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်၊ စစ်ကောင်စီတပ်က (၃) ဦး သေဆုံးပြီး (၇) ဦးခန့် ထိခိုက်ဒဏ်ရာရရှိ…

မကွေးတိုင်း၊ အောင်လံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၃) ယောက် သေဆုံးပြီး (၇) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသရှိ သရက်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းမြို့ KTV မှာ ပျော်ပါးနေသည့် စစ်သား ၇ ဦး တိုက်ခိုက်ခံရပြီး အားလုံး သေ

ပဲခူးတိုင်း၊ ဇီကုန်းမြို့ပေါ် KTV မှာ လာရောက်ပျော်ပါးနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ကို ဝင်ရောက်တိုက်က်ရာ စစ်သား ၇ ယောက်လုံး သေဆုံးသွားပြီး သူတို့ရဲ့ လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မွန်ပြည်သူတွေအားလုံး တော်လှန်ရေးမှာ ပါဝင်ကြဖို့ မွန်တော်လှန်ရေးအဖွဲ့များ တောင်းဆို

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျရောက်တဲ့ မွန်အမျိုးသားနေ့မှာ မွန်ပြည်သူတွေအားလုံး တော်လှန်ရေးထဲ အမျိုးသားရေးတာဝန်သိစိတ်နဲ့ ကိုယ်စီပါဝင်ကြဖို့  မွန်တော်လှန်ရေးအဖွဲ့တွေက အသီးသီးထုတ်ပြန်လာပါတယ်။
Read More

စလင်းမြို့အနီး မြို့နယ် ပကဖ က စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့အနီးမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း ပကဖ) ဆီက သိရပါတယ်။