ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖားအံမြို့နယ်၊ ဝံပျံကျေးရွာအုပ်စု၊ ဖားဘော်ရွာလေးရွာအတွင်း အောက်တိုဘာလ (၂၀) ရက် ညနေပိုင်းမှာ ကမမောင်းရှိ အကြမ်းဖက် စစ်တပ်ကနေ (၁၂၀) မမ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကျည်တွေက အရပ်သား ပြည်သူလူထု နေထိုင်ရာ နေရာတွေ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဖားဘော်ရွာလေးရွာအတွင်း နေထိုင်တဲ့ (၃၇) နှစ်အရွယ် အမျိုးသား၊ (၁၂) နှစ်နဲ့ (၆) နှစ်အရွယ် မိန်းကလေးငယ် (၂) ယောက် စုစုပေါင်း (၃) ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ (၁၇) ယောက် ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ပြည်သူလူထုပိုင် အိုးအိမ်ပစ္စည်းဥစ္စာတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က သူတို့ထိန်းချုပ်ရာဒေသတွေအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရေးအတွက် ငြိမ်းချမ်းနေသယောင် ပြုမူနေပေမယ့် KNU ထိန်းချုပ်မှုနယ်မြေတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနေရာဒေသတွေအတွင်း နေထိုင်တဲ့ အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို အဆက်မပြတ်ကျူးလွန်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မတ္တရာအရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ နေ့စဥ်ရက်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ

"စကစ က တိုးလာလို့ တိုက်ပွဲဖြစ်နေတာပါ။ ဆက်တိုက်ဖြစ်နေတာ ၂ရက် ၃ရက် ရှိပြီ။ ဒီနေ့အထိပဲ။ လေယာဥ်တွေကလည်း Y12 လာလိုက်၊ ဖိုက်တာလာလိုက်နဲ့ ပြည်သူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ ဖြစ်နေပြီ" လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင် အမျိုးသမီးစစ်မှုထမ်းသင်တန်း ကြိတ်ပေးနေတာ ၂ လကြာပြီ ဖြစ်

အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute - MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

စစ်ကြောင်းထိုးဖို့ကြိုးစားသည့် အနောက်ဘုန်းကန် ပျူရွာကို ၂ ရက်ဆက် ရော့ကတ်များ တိုက်ခိုက်မှု၊ စစ်အုပ်စု ၇ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရွာကို ၂ ရက်ဆက် ရှော့တိုက်ဒုံးပစ်ခတ်ရာ စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေကာ ထိခိုက်ဒဏ်ရာရသူ ၈ ယောက် ရှိခဲ့တယ်လို့ Cobra One တပ်ဖွဲ့ တာဝန်ခံ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။