မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းမှာ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်များ အခြေအနေ (Children in Armed Conflict)၊ ကလေးအခွင့်အရေး (Child Rights)၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု (Child Protection)၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ(Gender Based Violence) ၊ ကလေးသူငယ်တွေအပေါ် ချိုးဖောက်ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု (၆) ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေ ဆွေးနွေးပို့ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV – Conflict Related Sexual Violence) တွေ၊ အဆိုပါအချက်တွေနဲ့ စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေအကြောင်း ဆွေးနွေး ပို့ချခဲ့တယ်လို့ သိရပါတယ်။

“လူ့အခွင့်အရေးအကြောင်းအရာတွေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ပိုသိရှိခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း ချိုးဖောက်ကျူးလွန်မှုတွေအများကြီးတွေ့နေရတဲ့အတွက် ဒီလိုသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါတယ်” လို့ သင်တန်းသားတစ်ယောက်က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း NUG ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဆိုပါသင်တန်းကိုတော့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ အမျိုးသမီး တစ်ယောက်က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး တက်ရောက်လာတဲ့ သင်တန်းသား ၉၀ ရာခိုင်နှုန်းဟာလည်း ရပ်ရွာဒေသအတွင်းက အမျိုးသမီးလူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် သက်တမ်းနှင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ရှိမရှိ ဆက်ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အခြားအစီအစဉ်တွေနဲ့အတူ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မလွှတ် ဆက်လက်ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က စနေနေ့မှာ ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား (၁) ယောက်ကို ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခဲ့၊ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၁) လုံးပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းတို့ကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရှိကာ အရပ်သား (၁) ယောက် ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့က စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ပြည်သူတစ်ယောက် ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ 
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်ရင်း ရွာတွေကို လက်နက်ကြီးပစ်ခတ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။