ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖားအံမြို့နယ်၊ ဝံပျံကျေးရွာအုပ်စု၊ ဖားဘော်ရွာလေးရွာအတွင်း အောက်တိုဘာလ (၂၀) ရက် ညနေပိုင်းမှာ ကမမောင်းရှိ အကြမ်းဖက် စစ်တပ်ကနေ (၁၂၀) မမ လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးကျည်တွေက အရပ်သား ပြည်သူလူထု နေထိုင်ရာ နေရာတွေ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဖားဘော်ရွာလေးရွာအတွင်း နေထိုင်တဲ့ (၃၇) နှစ်အရွယ် အမျိုးသား၊ (၁၂) နှစ်နဲ့ (၆) နှစ်အရွယ် မိန်းကလေးငယ် (၂) ယောက် စုစုပေါင်း (၃) ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ (၁၇) ယောက် ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး ပြည်သူလူထုပိုင် အိုးအိမ်ပစ္စည်းဥစ္စာတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က သူတို့ထိန်းချုပ်ရာဒေသတွေအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ် နိုင်ရေးအတွက် ငြိမ်းချမ်းနေသယောင် ပြုမူနေပေမယ့် KNU ထိန်းချုပ်မှုနယ်မြေတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာနေရာဒေသတွေအတွင်း နေထိုင်တဲ့ အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို အဆက်မပြတ်ကျူးလွန်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ခမရ ၅၈၆ တပ်မှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၃ ဦးကို ရေးဘီလူး ထိန်းသိမ်းထား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

ရေဖြူနယ် ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦး အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦးဟာ ၄င်းတို့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတား ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၅) တပ်ရင်းက တပ်သား ဦးဇင်မင်းဟာ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။
Read More

ဧပြီလအတွင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၇ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး သေဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး (၅၈) ယောက်ရှိတယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေဦးနှင့် ဒီပဲယင်းကိုတက်မည့် စစ်တပ်စစ်ကြောင်း ဘုတလင်တွင် ရက် ၂၀ ကြာ ပိတ်မိပြီး နမခကို ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။
Read More

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။