ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၂ ရက် ဒီနေ့ရက်စွဲနဲ့ ပေထုန်တန်က နုတ်ထွက်စာကို ရေးသားထားပြီး ပါတီဝင်တွေ၊ ပါတီထောက်ခံသူတွေနဲ့ ပြည်သူတွေကို လိပ်မူကာ “ပြည်သူအတွက် သတ္တိရှိစွာ ပြောင်းလဲရဲတဲ့ သတ္တိနဲ့အတူ ထိုင်းနိုင်ငံအတွက် ပါတီကို ပြောင်းလဲဖို့ အစပြုတဲ့ ရည်ရွယ်ချက်များနဲ့ ဒီနေ့ ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ နုတ်ထွက်စာမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေအတွက် တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဖွေထိုင်းပါတီ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်စေဖို့ အခွင့်အလမ်း ဖွင့်ပေးခဲ့တာဖြစ်တယ်လို့လည်း ပေထုန်တန်က ဆိုပါတယ်။

ထိုင်းလူ့အဖွဲ့အစည်းဟာ နုနယ်ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်နဲ့ မှန်းဆမရတဲ့ ခေတ်တစ်ခုထဲ နေထိုင်နေရသလို လာမယ့် ရွေးကောက်ပွဲတွေဟာ ထိုင်းနိုင်ငံရဲ့ အရေးကြီးဆုံး အသွင်ကူးပြောင်းရေးအဆင့် ရောက်ရှိနေတာကြောင့် ဖွေထိုင်းပါတီကို ပြန်လည်ပြင်ဆင်ဖို့နဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်တွေ ပြောင်းလဲဖို့ အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ပေထုန်တန်က ပြောဆိုထားပါတယ်။

(ဓာတ်ပုံ Reuters)



ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပေမယ့် ပြည်သူတွေဘက် ရပ်တည်ပြီး တိုင်းပြည်အတွက် ခိုင်ခိုင်မာမာနဲ့ အရည်အချင်းရှိစွာ ထမ်းဆောင်နိုင်ရေးအတွက် ထိုင်းမျိုးဆက်သစ်ပါတီ ထူထောင်ဖို့ကိုလည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်က ရေးသားထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ စကားပြောဆိုမှု အသံဖိုင်ပေါက်ကြားမှုအတွင်း ဝန်ကြီးချုပ် ကျင့်ဝတ်ကို ချိုးဖောက်ရာရောက်ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ခရိုနီသူဌေးကြီး ဦးတေဇ၏သမီးဖြစ်သူ ရေချယ်တေဇ အကြောင်း ဖော်ပြထားသည့် စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက်မှ ဖယ်ရှား

ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue အီတလီရဲ့ မိခင်ကုမ္ပဏီ Condé Nast ဆီ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို Vogue Italia website ကနေ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ Justice For Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

ဘန်ကောက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုအတွင်း မြန်မာလုပ်သားတစ်ဦး သေဆုံး 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇွန်လ ၈ ရက်နေ့က မတော်တဆမှု ဖြစ်ပွားခဲ့တာကြောင့် အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 
Read More

တရုတ်သမ္မတ ရှီ နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အကြမ်းဖက် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များ ဖြစ်သည်ဟု JFM ထုတ်ပြန်

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးကူညီမှုတွေ တိုးမြှင့်ပေးအပ်နေပြီး သူတို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ကန့်ကွက်နေပေမယ့် တောင်ကိုရီးယားရောက် မြန်မာ ထောင်နဲ့ချီပြီး NUG ကိုရီးယားရုံးမှာ ပတ်(စ်)ပို့သက်တမ်းတိုးနေ

တောင်ကိုရီးယားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးက ပတ်(စ်)ပို့ သက်တမ်းတိုးပေးခဲ့ရာ လာရောက်သက်တမ်းတိုးသူ တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။