ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Battalion 808 – Nay Pyi Taw PDF က ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၀ ရက်က ရေတာရှည်မြို့နယ် ရွာသစ်‌ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှု‌အောက်ရှိ ဗျူဟာစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က တပ်ရင်းမှူး ညီညီနိုင်အပါအဝင် ၁၅ ယောက်် သေဆုံးပြီး စစ်သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။နဲ့

တိုက်ပွဲအတွင်း  သေနတ် ၅ လက်၊ ၆၀မမ ၁ လက်၊ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး ၁ ခု၊ ခဲယမ်းမျိုးစုံအခြားစစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video-Battalion 808 – Nay Pyi Taw PDF

0 Shares:
You May Also Like
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားကို တိုက်ခိုက်နေတဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံ Earthquake People’s Defence Force ထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်းရုပ်သံဖိုင် Earthquake People’s Defence Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဌ ဦးမောင်မောင်နှင့် တွေ့ဆုံမေးမြန်းချက်

မြန်မာစစ်တပ်ကို ပစ်မှတ်ထားကာ ILO ပုဒ်မ ၃၃ ကျင့်သုံးဖို့ ဆုံးဖြတ်ချက်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ချမှတ်လိုက်ပါတယ်။
Read More

မြောင်မြို့နယ် ကျောက်ရစ်စခန်းသို့ အင်အားဖြည့်ရန် လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

အဲဒီနောက် အကြမ်းဖက်စစ်ကြောင်းဟာ ကျောက်ရစ်ကျေးရွာအနောက်ဘက်မှာ တပ်ချိန်းပြီး ကျောက်တန်းရွာမှ နနွင်းကိုင်းကျေးရွာဘက် ဦးတည်လာနေတဲ့ အချိန် တော်လှန်ရေးတပ် တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ သွားတယ်လို့ သိရပါတယ်။
Read More

ယနေ့မနက် မန္တလေးမြို့တွင် ပြင်းအား ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီမနက် ၁၀ နာရီ ၅၂ မိနစ်ခန့်က အင်အား ၄.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ပြည်သူတွေ ထိတ်လန့်တကြား လမ်းပေါ်ပြေးထွက်ခဲ့ရတယ်လို့ သိရပါတယ်။