ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ကျူးလွန်တယ်ဆိုတဲ့ ချိုးဖောက်မှု စွပ်စွဲချက်တွေအပါအဝင် တခြားစွပ်စွဲချက်တွေအတွက် လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာက ရိုဟင်ဂျာတွေကို AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအဝင် ရခိုင်ပြည်နယ်ထဲက AA နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို လာရောက် စုံစမ်းနိုင်တယ်လို့ ဖိတ်ခေါ်တဲ့အကြောင်း ကုလ ကိုယ်စားလှယ်က ပြောပါတယ်။

ထန်းရှောက်ခံကျေးရွာက မွတ်ဆလင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ရှိမရှိနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ကို လာရောက် စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကို အာရက္ခတပ်တော် AA က ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအနှံ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတစ်စောင် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းဖို့ ပြင်ဆင်နေပြီး အဆိုပါအစီရင်ခံစာကို အောက်တိုဘာလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ ရခိုင်ပြည်အတွင်း မွတ်ဆလင်တွေအပေါ် အာရက္ခတပ်တော် AA က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် အခြား ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ စကားပြောဖြစ်ခဲ့တယ်လို့ တွမ်အင်ဒရူးစ်က ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၂ ရက် နေ့က မွတ်ဆလင် ၆၀၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကျူးလွန်သူဟာ AA ဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ် မရှိခဲ့ဘဲ အဲဒီရုပ်အလောင်းအကြွင်းအကျန်တွေဟာ စစ်တပ်က တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေလို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်၏ ကာလရှည်အကျပ်အတည်းကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပိုဆိုးလာကြောင်း ထိုင်း ပြော

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ထိုင်းအရာရှိတစ်ယောက်က ပြောဆိုကြောင်း Free Malaysia Today သတင်းက မေလ ၂၆ ရက်မှာ ပြောပါတယ်။ 
Read More

အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို ကမ္ဘာနဲ့ ပိုထိတွေ့နိုင်အောင် အားပေးသွားမယ်လို့ ထိုင်းပြော

လာမဲ့သီတင်းပတ်မှာပြုလုပ်မယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိအောင် ထောက်ခံအားပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

ထိုင်းမှာ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုအတွက် ထိုင်း ရဲ ၄ ဦးနဲ့ မြန်မာ ၁ ဦးအပါ ၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ခုနစ်ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်း PBS က ဇန်နဝါရီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

TNLA ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၆ ဦးအား တရုတ်အစိုးရထံ လွှဲပြောင်းပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ ၁၆ယောက်ကို တရုတ်အစိုးရထံ ဒီနေ့မနက်မှာ လွှဲပြောင်းပေးခဲ့ကြောင်း တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။