ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်အနေနဲ့ KK Park ကို ဝင်ရောက်စီးနင်းမှုဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာနဲ့ အာဆီယံက မဖြစ်မနေ အရေးယူဖို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်အုပ်စုဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးကို အယောင်ပြစီးနင်းမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ စစ်အုပ်စုရဲ့ ဟန်ပြဝင်ရောက်စီးနင်းမှုအတွင်း Starlink စက် အလုံး ၃၀ နဲ့အတူ အလုပ်သမား ၂၁၉၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါရှိပေမယ့် ဖမ်းဆီးခံရသူတွေကို ဖော်ပြထားတာမရှိပါဘူး။

မြန်မာစစ်တပ်အနေနဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့အတူ မြေယာထိန်းချုပ်မှု၊ စီးပွားရေးလိမ်လည်မှုတွေ ကျူးလွန်ရာ အဆောက်အအုံတွေမှာ အကျိုးစီးပွားရယူမှု၊ အခွန်ကောက်ခံမှု၊ လုံခြုံရေးဝန်ဆောင်ပေးမှု၊ တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူးမှုနဲ့ လူသုံးကုန် ထိန်းချုပ်ရောင်းချမှုလို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိနေတယ်လို့လည်း JFM က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကနေ ကရင်နယ်ခြားစောင့်တပ်/ ကရင်အမျိုးသားတပ် (BGF/KNA) အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့မှုတွေနဲ့ ပတ်သက်လို့ JFM ရဲ့ ဖော်ပြချက်မှာ BGF တပ်ဖွဲ့ဝင်တွေက KK Park ကို လုံခြုံရေးပေးနေကြောင်း ပါရှိသလို ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာလည်း ကရင်နယ်ခြားစောင့်တပ် ဒုဗိုလ်မှူးကြီးစောမုတ်သုန်နဲ့ ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ယောက်ကို KK Park မှာ ပါဝင်ပတ်သက်သူ၊ အကျိုးအမြတ်ရရှိသူတွေအဖြစ် သတ်မှတ်ဖော်ပြကာ ဒဏ်ခတ်ပိတ်ဆို့ထားတယ်လို့ ပါရှိပါတယ်။

BGF ခေါင်းဆောင် စောချစ်သူနဲ့ သားသမီးတွေဟာ ကရင်နယ်ခြားစောင့်တပ် ကုမ္ပဏီ ကိုးခုကို အတူတကွ ပိုင်ဆိုင်ထားပြီး Myanmar Apolo International Investment Company Limited (Apollo Park) နဲ့ Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) ကုမ္ပဏီနှစ်ခုကတော့ ဆိုက်ဘာငွေလိမ်ခြံကြီးတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ JFM က ထုတ်ပြန်ခဲ့ဖူးပါတယ်။

ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာဥပဒေပါ ဖွင့်ဆိုချက်အရပါ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်တဲ့ မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေကို မြန်မာနိုင်ငံအတွင်းနဲ့ ဒေသဖြတ်ကျော် လူအစုလိုက်အပြုံလိုက် အဓမ္မဖိအားပေးရွှေ့ပြောင်းစေမှုကြီးအတွက် တာဝန်ရှိသူဖြစ်ပြီး ဒေသတွင်းမတည်ငြိမ်မှုရဲ့ အဓိကရေသောက်မြစ် လက်သည်တရားခံ ဖြစ်တယ်လို့လည်း JFM က ဆိုထားပါတယ်။

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေက မြန်မာစစ်တပ်နဲ့ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကျယ်ပြန့်စွာ ပစ်မှတ်ထား ဆောင်ရွက်ရမှာဖြစ်တယ်လို့ JFM က သတိပေးတိုက်တွန်းထားပါတယ်။

လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ စစ်အုပ်စုနဲ့ သူတို့ကို တရားဝင်မှုရရှိစေဖို့ ကြိုးပမ်းတဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ကြဖို့ JFM က တိုက်တွန်းတောင်းဆိုထားပါတယ်။

အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ဖျက်သိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုကို ပံ့ပိုးကူညီခြင်းဖြင့် ဆိုက်ဘာပြစ်မှုအကျပ်အတည်းနဲ့ မြန်မာ့အကျပ်အတည်းတို့ကို အပြီးတိုင် အမြတ်ပြတ် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

Photo – JFM

0 Shares:
You May Also Like
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ အွန်လိုင်းကနေ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ Teleconference ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင် ရုရှားမှ ပြန်ရောက်ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကနေ ပြန်ရောက်လာပြီးနောက် တရုတ်နိုင်ငံရဲ့ အာဆီယံရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော် ရောက်ရှိလာကာ စစ်ကောင်စီနိုင်ငံခြားဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မလေးရှားကို အလုပ်သွားလုပ်မယ့် တရားမဝင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ၊ မလေးရှားသွားဖို့ ပွဲစားကို တစ်ယောက် ဘတ်တစ်သိန်းကျော် ပေးရကြောင်း ထိုင်းရဲ ဆို

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ ၁၀ ယောက်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြပါတယ်။ 
Read More

ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မှာ လူထောင်ချီ ဆန္ဒပြ

ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင်မှာ ရေကြီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးနေတဲ့ ထိုင်းဝန်ကြီးချုပ်ကတော့ “ဒါက သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဖြစ်တယ်၊ ဒီအပေါ် ကျွန်မအနေနဲ့ တုံ့ပြန်ဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောဆိုပြီး ဆန္ဒပြသူတွေအနေနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုဖို့ လမ်းဖွင့်ထားကြောင်း သူမက ဆက်ပြောပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်သည့် နည်းပညာကို တရုတ်ကုမ္ပဏီ စစ်တပ်ထံ ရောင်းချ

အင်တာနက်သုံးစွဲသူ တဦးတယောက်ချင်းစီကို ခြေရာခံနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံကာ မိုဘိုင်းသုံးစွဲသူတွေရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီက စစ်တပ်ထံကို ရောင်းချထားတယ်လို့ Justice for Myanmar က ဖော်ပြလာပါတယ်။