မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းမှာ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်များ အခြေအနေ (Children in Armed Conflict)၊ ကလေးအခွင့်အရေး (Child Rights)၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု (Child Protection)၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ(Gender Based Violence) ၊ ကလေးသူငယ်တွေအပေါ် ချိုးဖောက်ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု (၆) ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေ ဆွေးနွေးပို့ချခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV – Conflict Related Sexual Violence) တွေ၊ အဆိုပါအချက်တွေနဲ့ စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေအကြောင်း ဆွေးနွေး ပို့ချခဲ့တယ်လို့ သိရပါတယ်။

“လူ့အခွင့်အရေးအကြောင်းအရာတွေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ပိုသိရှိခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း ချိုးဖောက်ကျူးလွန်မှုတွေအများကြီးတွေ့နေရတဲ့အတွက် ဒီလိုသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါတယ်” လို့ သင်တန်းသားတစ်ယောက်က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း NUG ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဆိုပါသင်တန်းကိုတော့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ အမျိုးသမီး တစ်ယောက်က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး တက်ရောက်လာတဲ့ သင်တန်းသား ၉၀ ရာခိုင်နှုန်းဟာလည်း ရပ်ရွာဒေသအတွင်းက အမျိုးသမီးလူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညင်းမော်ရွာ တိုက်ပွဲအတွင်း လောင်းလုံး ပကဖ တပ်စုမှူးအပါ ရဲဘော် ၃ ဦး ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတိုက်ပွဲမှာ တပ်စုမှူး တစ်ယောက်အပါအဝင် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဥက္ကလာပမြို့နယ်က စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ)…
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီတပ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွင် ကျဆုံးဟု CRPH ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီနဲ့ PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ယောက်သေကာ ဒုတပ်ရင်းမှူး ခြေထောက်ဖြတ်လိုက်ရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းကျေးရွာမှာ စစ်ကောင်စီရဲ့ ခမရ (၃၅၀)တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ယောက်သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၈ယောက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။