ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ လာရောက်ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် ဒေသခံပြည်သူ (၂) ယောက် သေဆုံးသွားခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုင်းငေါ့မြို့၊ မြို့မစျေးအနီး အောက်တိုဘာ ၂၀ ရက် မနေ့ကညပိုင်းမှာ စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး (၂)လုံးလာရောက်ကြဲချခဲ့တာကြောင့် အမျိုးသား (၁) ယောက်နဲ့ အမျိုးသမီး (၁) ယောက် သေဆုံးသွားခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရကာ နေအိမ် (၁၀) လုံးနဲ့ ဆိုင်ခန်း (၅)ခန်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ (၁၉) ရက် တစ်ရက်အတွင်း နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်အုပ်စုက အောက်တိုဘာ (၁) ရက်ကနေ (၁၈) ရက်အထိ လေကြောင်းကနေ မန်တုံမြို့မှာ (၁) ကြိမ်၊ ကျောက်မဲမြို့မှာ (၃) ကြိမ်၊ သီပေါမြို့မှာ (၅) ကြိမ်၊ မိုင်းငေါ့မြို့မှာ (၁) ကြိမ်၊ မိုင်းလုံမြို့မှာ (၄) ကြိမ်၊ နမ့်ဆန်မြို့မှာ (၅) ကြိမ်၊ နမ္မတူမြို့မှာ (၅) ကြိမ်၊ မိုးမိတ်မြို့မှာ (၃) ကြိမ်နဲ့ မိုးကုတ်မြို့မှာ (၁) ကြိမ် စုစုပေါင်း (၂၈) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် (၂) ပါး၊ကလေး (၈) ယောက်၊ အမျိုးသား (၁၂) ယောက်၊ အမျိုးသမီး (၁၉) ယောက် သေဆုံးခဲ့ပြီး ကလေး (၁၁) ယောက်၊ အမျိုးသား (၁၆) ယောက်နဲ့ အမျိုးသမီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၃၈) လုံး၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ ကျောင်းဆောင် (၇) ဆောင်နဲ့ အဆောက်အဦး (၄) ခုတို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကပစ ၂၂ကနေ မြင်းခြံကိုသွားမယ့် စစ်ကားတွေ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ မိုင်းဆွဲခံရပြီး စစ်သား ၆ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၂ ကနေ မြင်းခြံမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ယောက် သေဆုံးကြောင်း Yenanthar Youth Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြို့မှတက်လာသည့် အကြမ်းဖက်စစ်ကြောင်း တပ်သား ၄ ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က တက်လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခလရ (၂၈၂) တပ်ရင်း စစ်သား ၄ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။