ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၈ ယောက်က မေလ ၂၀ ရက်က အလုပ်မှ အကြောင်းရင်းမရှိဘဲ ထုတ်ပယ်ခံလိုက်ရတဲ့အတွက် တိုင်ကြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၂၆ ရက်မှာတော့ NUG ဝန်ကြီးဌာနရဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ MHAC မဟာမိတ်အဖွဲ့က ဦးဆောင်ပြီး နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးဆီ သွားရောက် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

အမှုဟာ ၅ လ ကြာတဲ့အထိ တိကျတဲ့ အဖြေမထွက်လာတာ​ကြောင့် အောက်တိုဘာလ၂၁ ရက် ဒီနေ့မှာ နစ်နာသူအလုပ်သမားတွေကို NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ယောက်နဲ့အတူ အယုဒ္ဓယခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို ထပ်မံသွားရောက်ညှိနှိုင်းဆောင် ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရဲ့ တာဝန်ရှိသူတစ်ယောက်က အလုပ်သမားတွေရဲ့ နစ်နာကြေးတွေ ရရှိဖို့အတွက် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းအတွင်း အပြီးဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ သဘောတူညီမှုရရှိအောင် ကူညီပေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။ 
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း တောင်ကိုရီးယားရောက် တော်လှန်ပြည်သူများ ဆန္ဒပြ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း တောင်ကိုးရီးယားနိုင်ငံရောက် တော်လှန်ပြည်သူတွေက "နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ" အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

မြန်မာ့ငလျင်ဘေးအတွက် Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်းကူညီမည် 

ဆိုးရွားပြင်းထန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့  ငလျင်ဘေးအတွက် Quad အဖွဲ့ ဝင် ၄ နိုင်ငံက ကူညီမှုတွေပြုလုပ်ပေးသွားမယ်လို့ ဒီနေ့ ဧပြီလ ၄ ရက်နေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
Read More

နိုင်ငံတကာအနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ပံ့ပိုးကူညီခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းတွေကို ပံ့ပိုးကူညီမယ်ဆိုရင် ဒါဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်ကို အားပေးကူညီရာရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။