စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၀ ရက် မနေ့က ညနေ ၅နာရီကျော်လောက်မှာ မုံရွာ နမခ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ ထိတွေ့မြစ်ခတ်မှုမရှိဘဲ ဆားလင်းကြီးမြို့အနီးနားက မြောက်တိုက်ကြီး ဘုရားဝန်းကျင်နဲ့ ထန်းပုရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“လေထီး ၂ စီး တက်လာပြီးတော့ တနေရာစီ ချသွားကြတာ၊ ပထမတစ်စီးက ဆားလင်းကြီးမြို့ပေါ်အနီးက မြောက်တိုက်ကြီး ဘုရားနားကို ချသွားတာ။ အဲ့ဘက်က အထိအခိုက်မရှိဘူး။ နောက်တစ်စီးကမှ ထန်းပုရွာထဲကို ချသွားတာ၊ ထန်းပုရွာက ဘုန်းကြီးကျောင်းကို မြောက်ကျောင်း၊ အလယ်ကျောင်း၊ တောင်ကျောင်းရှိကြတာ.. အခုက မြောက်ကျောင်းကို ကျတာ”လို့ ဆားလင်းကြီး နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းကို ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ မဟုတ်ဘူးလို့ သိရပါတယ်။

“ရွာထဲက ဘုန်းကြီးကျောင်းထဲကိုကျတာ။ ရွာသားတွေက စစ်ကြောင်းလာမှာကြောက်လို့ ဘုန်းကြီးကျောင်းကို စစ်ရှောင်လာတဲ့အချိန် အခုလို ဖြစ်သွားတာ။ ရွာသားတချို့ကလည်း ရှောင်ကြပြီး တချို့ကလည်း မရှောင်ကြသေးဘူး။ ရွာထဲမှာ ရှိနေတုန်းပဲ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းကလည်း ထန်းပုရွာ ဘုန်းကြီးကျောင်းထဲကို စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ယောက် သေဆုံးပြီး ဘုန်းကြီးကျောင်းရှိ ကိုရင်တွေ ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ရောက် မြန်မာများ ပြန်လာပြီး မဲပေးရန် ဇော်မင်းထွန်း ပြော

အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားတွေ‌‌ကိုပေးထားတဲ့ ယာယီခိုလှုံခွင့် (TPS) ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘဲ မြန်မာနိုင်ငံပြန်လာပြီးတော့ မဲပေးနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးလာတာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရဲစခန်းထဲမှာ ကျင်းပတဲ့ ရဲနဲ့ ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာပွဲ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကြံ့ခိုင်ရေးကိုသာ အနိုင်ပေးမည်ဆိုသည်ကို သိလျက်နှင့် ဝင်ပြိုင်ခဲ့သူများ ကြံ့ခိုင်ရေးပါတီ အနိုင်ရနေတာကြောင့် ဝေဖန်ပြစ်တင်နေကြ

အာဏာသိမ်းစစ်ကော်မရှင်က သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ရွေးကောက်ပွဲပုံစံသစ်နဲ့ ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) မဲရလဒ်တွေ ထွက်ပေါ်လာချိန်မှာ စစ်တပ် လက်ဝေခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ (USDP) သာ အနိုင်ရနေတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေအကြားမှာ “တရားမျှတမရှိဘူး” ဆိုတဲ့ ဝေဖန်သံတွေ ပြင်းထန်စွာ ထွက်ပေါ်လာနေပါတယ်။