ကရင်နီအမျိုးသားလူငယ်အစည်းအရုံးက ကရင်နီပြည် နယ်စပ် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ Karenni National Youth Organization- KNYO က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလအတွင်း ကရင်နီပြည် လူငယ်တွေကို နိုင်ငံရေး ဆိုင်ရာ အသိအမြင်တွေ မျှဝေပြီးနောက် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီလူငယ်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်း နဲ့ အကျိုးဆက်တို့ကို ရှင်းပြတာ ၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲ သမိုင်းကြောင်းနဲ့ လက်ရှိ အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲ အကျိုးဆက်တို့ကို ချပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု လက်ရှိ ကရင်နီပြည်မှ ဖော်ဆောင်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတို့ကို ကျောင်းသား၊ကျောင်းသူတွေကို ဘာသာရပ်အဖြစ် ထည့်သွင်းကာ တစ်ရက်တာ သင်ကြားပို့ချခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီး ပကဖ တပ်သားသစ်များခေါ်ယူနေ

စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် စစ်အုပ်စု အရပ်သားများကို သတ်ကာ သေဆုံးသူများအား PDF အဖြစ် ပုံမှားရိုက်သတင်းဖြန့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

၅ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF-Asho ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် (ဗျူဟာကုန်း) အနီးတဝိုက်ကနေ စစ်ကောင်စီတပ်သား ၂၃ ယောက် ၅ ရက်တာအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့…

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တပ်ဦးနဲ့ တပ်မတော်ရဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတင်ပြခြင်းနဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြောင့် ဘာသာရေးအဆောက်အအုံ တစ်သောင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်၊ ရဟန်း ၁၅၉ ပါးနှင့် သီလရှင် ၅၅ ပါး ပျံလွန်တော်မူခဲ့သည်ဟု ဆို

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးအဆောက်အအုံ တစ်သောင်းနီးပါး ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။