ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းငေါ့မြို့ထဲကို စစ်ကော်မရှင်က ညအချိန် လေကြောင်းကနေ ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ ရက် မနေ့ညပိုင်းက မိုင်းငေါ့မြို့ မြို့မစျေးအနီးကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံးနဲ့ ဆိုင်ခန်း ၅ ခန်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၈ ရက်အတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦး သေဆုံးခဲ့ပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၃၈ အိမ်၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ကျောင်းဆောင် ၇ ဆောင်နှင့်အဆောက်အဦ ၄ ခုတို့ ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

 

0 Shares:
You May Also Like
Read More

ပြည်သူ့ရဲဘော်တွေ အထိအခိုက်နည်းစေဖို့ နေပြည်တော် PDF တပ်ရင်း ၈၀၅ကျည်ကာကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်အာဏာရှင်ကို ဖယ်ရှားမယ့် တိုက်ပွဲတွေမှာ ပြည်သူ့ ရဲဘော်တွေ အထိအခိုက်နည်းစေရန် ကျည်ကာတပ်ဆင်နိုင်ဖို့ ရည်ရွယ်ပြီး နေပြည်တော် PDF တပ်ရင်း ၈၀၅ က “ထနောင်းစစ်သည် ပေါင်းစုချီ ကျည်ကာတပ်ဆင် ပြည်လည်းဝင်” ကမ်ပိန်းပြုလုပ်ထားပါတယ်။
Read More

ကျောက်ဂူတိုက်နယ်‌ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီ အဆိပ်ငွေ့ဗုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DPLA ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ကျေးရွာအတွင်း အကြမ်းဖက်စစ် ကောင်စီက အဆိပ်ငွေ့ဗုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းမိထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူများ ဝိုင်းဝန်းရိုက်နှက်သဖြင့် တော်လှန်ရေးရဲဘော်များ တားဆီးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံပြည်သူတွေက ဝိုင်းဝန်းရိုက်နှက်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေက တားဆီးခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုကို ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကမ္မမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ယောက်သေကာ ပြည်သူ့ရဲဘော် ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကမ္မမြို့ တမာပင်ရွာနဲ့ ရိုးယာရွာက ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန်ကင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ၂ ပွင့်ဗိုလ်အပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။