စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖက ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလကစလို့ မြို့နယ်ပအဖ ရဲ့ စီမံလမ်းညွှန်မှုနဲ့ မြို့နယ်လမ်းကော်မတီ၊ မြို့နယ်စည်ပင်တာဝန်ခံတို့ ဦးဆောင်ပြီး ရပ်ကျေးပအဖ တွေ၊ လမ်းသွားလမ်းလာပြည်သူတွေရဲ့ အကူအညီနဲ့ ပျက်စီးနေတဲ့ လမ်းပိုင်းတွေကို ကျောက်၊ သဲ၊ ဂျင်းမြေ၊ ဘိလပ်မြေ စတာတွေ အသုံးပြုပြီး လမ်းပမ်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေဖို့ ကြိုးစားပြုပြင်နေတယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၆ ဦး သေ၊ အရပ်သား (၇) ဦး၊ ကိုရင် (၈) ပါးနှင့် ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၆ ယောက် သေဆုံးပြီး အရပ်သား (၇) ယောက်၊ ကိုရင် (၈) ပါးနဲ့ ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် မီးဘေေးသင့် ပြည်သူများအတွက် ခရစ္စမတ်နှင့် နှစ်သစ်ကူးအထိမ်းမှတ် ခြုံစောင်၊ ခြင်ထောင်များ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မီးဘေးသင့်ဒဏ် ခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ၊  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးသူငယ်တွေအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခြုံစောင်နဲ့ ခြင်ထောင်တွေ လှူဒါန်းနိုင်ခဲ့တယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) ထံမှ သိရပါတယ်။ 
Read More

သရက်သီးထွက်ကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး၊ AK တစ်လက် ရရှိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း ကုက္ကိုစုရွာမှာ သရက်သီးထွက်ကောက်တဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးသွားတယ်လို့ နွေဦးညီနောင် − ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရေးမြို့တွင် တာဝန်ကျနေသည့် ခရိုင်နယ်ထိန်း တပ်ကြပ်ကြီး ဘုန်းမြင့် ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ ရေးမြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ခရိုင်နယ်ထိန်း တပ်ကြပ်ကြီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြော

မြန်မာပြည်က အာဏာသိမ်းစစ်တပ် အပါအဝင် စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။