ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၈ ယောက်က မေလ ၂၀ ရက်က အလုပ်မှ အကြောင်းရင်းမရှိဘဲ ထုတ်ပယ်ခံလိုက်ရတဲ့အတွက် တိုင်ကြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၂၆ ရက်မှာတော့ NUG ဝန်ကြီးဌာနရဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ MHAC မဟာမိတ်အဖွဲ့က ဦးဆောင်ပြီး နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးဆီ သွားရောက် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

အမှုဟာ ၅ လ ကြာတဲ့အထိ တိကျတဲ့ အဖြေမထွက်လာတာ​ကြောင့် အောက်တိုဘာလ၂၁ ရက် ဒီနေ့မှာ နစ်နာသူအလုပ်သမားတွေကို NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ယောက်နဲ့အတူ အယုဒ္ဓယခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို ထပ်မံသွားရောက်ညှိနှိုင်းဆောင် ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရဲ့ တာဝန်ရှိသူတစ်ယောက်က အလုပ်သမားတွေရဲ့ နစ်နာကြေးတွေ ရရှိဖို့အတွက် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းအတွင်း အပြီးဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ သဘောတူညီမှုရရှိအောင် ကူညီပေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ရွေးကောက်ပွဲ နိုင်ငံရေးဟန်ပြသာဖြစ်၍ အာဆီယံဥက္ကဋ္ဌ လက်မခံ

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း နိုင်ငံရေးဟန်ပြတစ်ခုအဖြစ် ပယ်ချခဲ့တယ်လို့ ထိုင်းသတင်း Thai Enquirer က မေလ ၂၆ ရက်မှာ ဖော်ပြပါတယ်။
Read More

လူထုထံအာဏာပြန်အပ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောဆို၊ လွှတ်တော်ဖျက်သိမ်းပြီး ၂ လအတွင်း ရွေးကောက်ပွဲလုပ်ဖွယ်ရှိ

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကူလ်ဟာ ကြာသပတေးနေ့ ဒီဇင်ဘာလ ၁၀ ရက်ညက သူ့ရဲ့လူမှုကွန်ရက်မှာ “လူထုထံ အာဏာပြန်အပ်မယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ကြေညာ

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအား အရပ်ဘက်အဖွဲ့များ တောင်းဆို

နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ မကြာခင်မှာ ရပ်တန့်တော့မယ့်အန္တရာယ်ရှိတာကြောင့် ယာယီတဲတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ အရပ်ဘက်အဖွဲ့ကွန်ရက်တစ်ခုက ထိုင်းအစိုးရကို ဇူလိုင်လ ၁၇ ရက် ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။