တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခလရ (၁၀၃) တပ်ရင်းက စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ခလရ (၁၀၃) တပ်ရင်းက တပ်သား (၂) ယောက်ဟာ အောက်တိုဘာလ (၂) နဲ့ စက်တင်ဘာလ (၂၈) ရက်တို့မှာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်ပြီး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာသူ တပ်သား ၂ ယောက်ဟာ MA-2 (၁) လက်၊ ကျည်ဘောက် (၄) ခု၊ ကျည် (၂၆၀) တောင့်တို့ကို ယူဆောင်လာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ တပ်သားတွေအနေနဲ့ ပြည်သူလူထုဘက်မှာ ရပ်တည်ချင်ရင် တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ နီးစပ်ရာတော်လှန်ရေးတပ်တွေဆီ အမြန်ဆုံးပူးပေါင်းဖို့ တိုက်တွန်းလိုပြီး တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာရင်တော့ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ တနင်္သာရီမြို့နယ် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မုံရွာမှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ စစ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၆ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းရာ ရဲနဲ့ စစ်သား ၆ ယောက်​သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ) က ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ကျေးရွာများရှိ နေအိမ်များကိုစစ်ကောင်စီနှင့် PNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံ - ညောင်ရွှေနယ်စပ် ဖယ်ခုံမြို့နယ်မှာ အကြမ်း ဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းထုတ်ပြန်ပါတယ်။