စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်ဖို့ ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၁ ယောက် ပွဲချင်းပြီးသေဆုံးကာ ဆုတ်ခွာသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၀ ရက်၊ မနေ့မနက်ပိုင်းက တန့်ဆည်မြို့နယ်၊ အက်တောနဲ့ သဲကုန်းရွာတွေကနေ ကန့်ဘလူမြို့နယ် ကာဘိုးပျူစောထီးစခန်းကို ပြန်လာတဲ့ အင်အား ၄၀ ခန့်ပါ အကြမ်းဖက်ပူးပေါင်းစစ်ကြောင်းကို ကာဘိုးတံတားနားအရောက်မှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်သားနဲ့ ပျူစောထီးတွေပါတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက တန့်ဆည်မြို့နယ်အတွင်း ဝင်ရောက်နေခဲ့တာလို့လည်း သိရပါတယ်။

ကာဘိုးစခန်းကို ပြန်ဆုတ်လာသည့် အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်များ (ဓာတ်ပုံ တန့်ဆည်ပကဖ)

“စခတွေဘက်က ကင်းချိန်းတာကို ဖြတ်တိုက်တာပါ။ ၁၁ ကောင် ပွဲချင်းပြီး သေတာ ဟုတ်ပါတယ်” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲအတွင်း စစ်သားနဲ့ ပျူစောထီး ၅ ယောက် မျက်မြင်သေဆုံးပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၁၂ ယောက် ရှိခဲ့ကြောင်းနဲ့ ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို စစ်အုပ်စုက အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ကားနဲ့ ပြန်သယ်သွားခဲ့ကြောင်း ဆိုထားပါတယ်။

အဆိုပါတိုက်ပွဲကို တန့်ဆည်မြို့နယ် (ပကဖ)၊ ရေဦးမြို့နယ် (ပကဖ)၊ ပေါ်ဦးစစ်ကြောင်း၊ ရေဦး ပကဖ လက်ရုံးတပ်ဖွဲ့နဲ့ PLA တို့ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကာဘိုးစခန်းကို ပြန်ဆုတ်လာသည့် အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်များ (ဓာတ်ပုံ တန့်ဆည်ပကဖ)
ကာဘိုးစခန်းကို ပြန်ဆုတ်လာသည့် အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်များ (ဓာတ်ပုံ တန့်ဆည်ပကဖ)
0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဂွမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ လက်တစ်ကမ်းသာလိုတော့ဟု AA ထုတ်ပြန်

ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က ဂွမြို့ ကို အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့ပေါ်အထိ AA သိမ်းပိုက်ထိန်းချုပ်ရောက်ရှိလာ ၊ လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

ရန်ကုန်မြို့လယ်ခေါင် စစ်အုပ်စုလုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် စက်တင်ဘာလအတွင်း မြို့ပြ UG များ၏ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ်ထက်မနည်း ရှိခဲ့

ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့က စစ်တပ်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရမှုအပါအဝင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရန်ကုန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) တွေရဲ့စစ်ရေးလှုပ်ရှားမှု ၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

မုံရွာတွင် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါ ရဲ ၄ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။ 
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။