ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်ဒေသ ၊ ဇာထာလ် ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်အုပ်စုက ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Senthang Revolution Force ကထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး အောက်တိုဘာ ၂၁ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အချိန် ၁၀ မိနစ်ခန့်သာ ခြားပြီး ၂ ကြိမ်အတွင်း ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရဲ့ ရွေးကောက်ပွဲ အောင်မြင်နိုင်ရေးအတွက် လူထုအပေါ် အကြမ်းဖက်နည်းလမ်း နဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့လည်း Senthang Revolution Force က ဆိုပါတယ်။

ဆဲန်ထန်ဒေသက ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်အုပ်စုမှ ပြုလုပ်မယ့် တရားမဝင်ရွေးကောက် ပွဲမှာ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ စာသင်ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်ထားဖို့၊ လူစုလူဝေး နဲ့ ပွဲလမ်း သဘင်တွေ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ကိုလည်း Senthang Revolution Force က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ကလေးသူငယ် နဲ့ ပြည်သူတွေ အပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုံချတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း၏ ၃ နှစ်ပြည့် အခမ်းအနား

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်း KPLA/B9420 ရဲ့ တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်တစ်နေရာမှာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ အကျဥ်းချုံးပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ်တွင် စစ်ကျန်လက်နက်ပစ္စည်းကို ဆော့ကစားမိရာမှ ပေါက်ကွဲပြီး ကလေး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ တိုက်ပွဲတွေကနေ ကျန်ရစ်ခဲ့တဲ့ စစ်ကျန် လက်နက်ပစ္စည်းကို ယူဆော့ကစားမိရာကနေ ပေါက်ကွဲပြီး ကလေး ၁ ယောက် သေဆုံးကာ ၂  ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်

ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက  ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။