မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် သေဆုံးပြီး ကလေး အပါအဝင် ၁၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁ရက် ဒီနေ့လယ် ၂ နာရီ ၅၈ မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့၊ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံးဖူဆယ်ကွင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မမွန်သူ၊ အသက် ၆ နှစ်အရွယ် မခူသာနဲ့ အသက် ၁၀ နှစ်အရွယ် မချာရှီးတို့ သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၁၂ ယောက် ဒဏ်ရာရကာ နေအိမ် ၁၁ လုံးနဲ့ ဖူဆယ်ကွင်း ၁ ကွင်း ပျက်စီးသွားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁ရက်ကနေ ၂၀ ရက်အထိ လေကြောင်းအသုံးပြုကာ မန်တုံမြို့ကို (၂) ကြိမ်၊ ကျောက်မဲမြို့ကို (၂) ကြိမ်၊ သီပေါမြို့ (၅) ကြိမ်၊ မိုင်းငေါ့မြို့ (၃) ကြိမ်၊ မိုင်းလုံမြို့ (၃) ကြိမ်၊ နမ့်ဆန်မြို့ (၆) ကြိမ်၊ နမ္မတူမြို့ (၅) ကြိမ်၊ မိုးမိတ်မြို့ (၃) ကြိမ်နဲ့ မိုးကုတ်မြို့ (၂) ကြိမ်၊ စုစုပေါင်း (၃၁) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကျရောက်ပေါက်ကြွမှုတွေကြောင့် ကလေးငယ် (၇) ယောက်၊ အမျိုးသား (၁၃) ယောက်၊ အမျိုးသမီး (၂၁) ယောက် သေဆုံးခဲ့ပြီး သံဃာ (၂) ပါး၊ ကလေး (၁၁) ယောက်၊ အမျိုးသား (၁၇) ယောက်၊ အမျိုးသမီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် (၁၄၃) လုံး၊ စာသင်ကျောင်း (၄) ကျောင်း၊ ဘုန်းကြီးကျောင်း (၄) ကျောင်း၊ ကျောင်းဆောင် (၈) ဆောင်၊ အဆောက်အဦး (၃) ခု၊ ကြက်မွေးမြူရေးခြံ (၂) ခြံ၊ ဆိုင်ခန်း (၅) ခန်း၊ လက်ဖက်စက်ရုံ (၁) ရုံ၊ ဆိုင်ကယ် (၄) စီးနဲ့ ကား (၁) စီး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေကို လူအင်အား၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတွေ အသုံးပြုကာ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးနမ်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့တော်ခန်းမရှေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့တော်ခန်းမနဲ့ ဆေးရုံရှေ့မှာ စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း တပ်မ ၂ ခုနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ ပြန်လည်ဆုတ်ခွာထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ နှစ်ခု ဖြစ်တဲ့ တပ်မ ၇၇ နဲ့ တပ်မ ၄၄ တို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ကားများကို ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ အရာရှိအပါ ၅ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်၊ စစ်ကိုင်း-မုံရွာ -ရွှေဘိုလမ်းပေါ်မှာ အရပ်သားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါ အကြမ်းဖက်စစ်သား ၅ယောက်သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေကို ဖော်ပြကာ အသက်ရှင်ချင်ရင် အလံဖြူထောင်ဖို့ AA သတိပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နေရာတစ်ခုမှာ အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းတိုကို မနေ့က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက် စစ်အုပ်စု တိုက်နယ် ၃ခုကို လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်နယ် ၃ ခုကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ အရပ်သား ၁ ယောက်သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။