ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၈ ယောက်က မေလ ၂၀ ရက်က အလုပ်မှ အကြောင်းရင်းမရှိဘဲ ထုတ်ပယ်ခံလိုက်ရတဲ့အတွက် တိုင်ကြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၂၆ ရက်မှာတော့ NUG ဝန်ကြီးဌာနရဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ MHAC မဟာမိတ်အဖွဲ့က ဦးဆောင်ပြီး နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးဆီ သွားရောက် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

အမှုဟာ ၅ လ ကြာတဲ့အထိ တိကျတဲ့ အဖြေမထွက်လာတာ​ကြောင့် အောက်တိုဘာလ၂၁ ရက် ဒီနေ့မှာ နစ်နာသူအလုပ်သမားတွေကို NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ယောက်နဲ့အတူ အယုဒ္ဓယခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို ထပ်မံသွားရောက်ညှိနှိုင်းဆောင် ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရဲ့ တာဝန်ရှိသူတစ်ယောက်က အလုပ်သမားတွေရဲ့ နစ်နာကြေးတွေ ရရှိဖို့အတွက် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းအတွင်း အပြီးဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ သဘောတူညီမှုရရှိအောင် ကူညီပေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ရိုဟင်ဂျာကိစ္စအပါအဝင် စွပ်စွဲချက်များအတွက် လာရောက်စစ်ဆေးနိုင်ကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကုလကို ဖိတ်ခေါ်ထား

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ကျူးလွန်တယ်ဆိုတဲ့ ချိုးဖောက်မှု စွပ်စွဲချက်တွေအပါအဝင် တခြားစွပ်စွဲချက်တွေအတွက် လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ပြောဆိုထားပါတယ်။
Read More

အာဆီယံက စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ရန် Justice For Myanmar တောင်းဆို…

အာဆီယံအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို ဖန်တီးဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကနေ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) အဖြစ် အမည်ပြောင်းလဲမှုကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ တရားဝင်မှုရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားဖို့ ပရိယာယ်တစ်ရပ်သာဖြစ်ကြောင်းကို အာဆီယံက ရှင်းလင်းစွာ ရှုမြင်သဘောပေါက်ဖို့ JFM က သတိပေးထားပါတယ်။
Read More

အကူအညီတွေ ဖြတ်တောက်မှုနောက် မြန်မာပြည်ရဲ့ ငတ်မွတ်မှု သိသိသာသာ မြင့်တက်လာ

ပြည်တွင်းစစ်ကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကူအညီတွေဖြတ်တောက်မှု လုပ်ဆောင်ချက်အပြီးမှာ မြန်မာပြည်ရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ငတ်မွတ်ခေါင်းပါးမှု သိသိသာသာ မြင့်တက်လာတာကိုတွေ့ရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဩဂုတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ

အကြမ်းဖက် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၃ ရက်က ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ်မှတဆင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ကုလအကြီးအကဲ ပြော၊ AA နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု ဆို

ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းဖောက်ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က မတ်လ ၁၅ ရက်မှာ ပြောပါတယ်။