ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှု‌အောက်ရှိ ဗျူဟာစစ်ကြောင်းက အောက်တိုဘာလ (၂၀) ရက်‌မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ယောက် သေဆုံးခဲ့ပြီး (၂) ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ငယ် (၅) လက်၊ ၆၀ မမ (၁) လက်၊ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး (၁) ခု၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်က စစ်ကူအင်အားတွေ ဖြည့်တင်းကာ ပြန်လည်တိုးဝင်လာတာကြောင့် တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွား‌‌နေပြီး စစ်တောင်းမြစ်ကမ်းဝန်းကျင်ဒေသရှိ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာဖို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကြင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

စစ်အုပ်စုထံမှ ကားတစ်စီးနှင့် ဒရုန်း ၅စီး KIA/KPDF ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းကို KIA/KPDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း စစ်အုပ်စုရဲ့ ကား ၁စီးနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။