စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ မင်းရွာဘက်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက ၄ကြိမ်လောက်ရှိခဲ့ပါတယ်။ ရွာထဲမှာ ထိတွေ့မှုဖြစ်ပြီး အထိနာသွားလို့ ပြန်ဆုတ်သွားတာ၊ ကြာချိန်က ၅နာရီလောက်ရှိမယ်။” လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ဖွဲ့စည်းပုံပျက်ကာ ပြန်လည်ဆုတ်ခွာသွားရတယ်လို့လည်း သိရပါတယ်။

GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြိုပြပြောက်ကျားတပ်ဖွဲဝင်ရဲဘော်များ တိုက်ပွဲဝင်နေစဉ်


“သေဆုံး ဒဏ်ရာရတွေလည်းရှိသလို စစ်သုံ့ပန်းဖမ်းမိတာနဲ့ သိမ်းဆည်းရမိတာတွေလည်း ရှိပါတယ်။ စကမနဲ့ ရွာထဲမှာ တိုက်ပွဲဖြစ်တယ်။ သူတို့တပ်လန်ပြီး ဖွဲ့စည်းပုံပျက်တယ်၊ ပြန်ပြေးပါတယ်။ ဒီလောက်ပဲ ဖြေလို့ရပါဦးမယ်” လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ နယ်မြေခံ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲရုပ်သံဖိုင်ကိုလည်း ထုတ်ပြန်ထားပါတယ်။

Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တပ်ဖွဲ့အနေနဲ့ လက်ရှိမှာ သပိတ်ကျင်း၊ မတ္တရာ စစ်မျက်နှာတွေနဲ့ စစ်ကိုင်းမြို့ဝန်းကျင်မှာလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒိုက်ဦး ခမရ ၄၄၀ မှ စစ်မှုထမ်းဆင်းစစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်တွင်းကြီးတွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ကပစ (၁၈) မှ စစ်သားများ ကြားဖြတ် တိုက်ခိုက်ခံရပြီး နေရာတင် ၄ ဦး သေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်မှာ သစ်လှည်း၊ ဝါးလှည်းတွေဆီက ဆက်ကြေးကောက် ငွေညှစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ လေးယောက် သေဆုံးပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟိန္ဒူဘာသာဝင်တွေအပေါ် လူမျိုးရေးခွဲခြားလှောင်ပြောင်ထားတဲ့ ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဆင်ဆာအဖွဲ့က ဒီပါ၀လီနေ့ နီးကပ်လာစဉ်မှာ ရုံတင်ပြသ၊ ဟိန္ဒူဘာသာဝင်တွေ အပြင်းအထန်ကန့်ကွက်နေ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်ရှင်ဆင်ဆာ အဖွဲ့က ခွင့်ပြုလိုက်တဲ့  ရုံတင်ဇာတ်ကားတစ်ခုဟာ  မြန်မာပြည်က ဟိန္ဒူဘာသာဝင်တွေကို လူမျိုးရေး ခွဲခြားလှောင်ပြောင်တဲ့ သဘောဆောင်နေတာကြောင့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။