အကြမ်းဖက်စစ်ကော်မရှင်ဟာ ပြည်သူတွေကို အကြောင်းပြပြီး လာမယ့် နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) မှာ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို ထားဝယ်မြို့မှာ ကျင်းပပြုလုပ်ဖို့ရှိနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

အဆိုပါ ပွဲတော်အတွက် စစ်ကော်မရှင်က ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ထားဝယ်ရိုးရာ သပိတ်မျှောကွင်းမှာ ဘုရားလှည့်နေ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မီးပုံးတွေကို ရပ်ကွက်အလိုက် ပြင်ဆင်ယှဥ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကတော့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေ စုဝေးရာ ဘာသာရေးပွဲတော်တွေပါမချန် ပစ်မှတ်ထားပြီး ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့ တိုက်တွန်းပြောဆိုပါတယ်။

“လွန်ခဲ့တဲ့ တစ်ပတ်ဝန်းကျင်လောက်က စစ်ကိုင်းတိုင်း၊ ချောင်းဦး-မုံရွာဘက်မှာ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးဟာ ကျနော်တို့ အားလုံးအတွက် ကြီးမားတဲ့ သတိပေးချက်၊ နာကျင်စရာ သင်ခန်းစာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ပြည်သူလူထု စုဝေးရာ ဘာသာရေးပွဲတော်တွေကို ပစ်မှတ်ထားပြီး ရက်စက်စွာ တိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်အဖွဲ့ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး” လို့ ဆိုပါတယ်။

အခု အောက်တိုဘာလထဲမှာပဲ မုံရွာမြို့ပေါ်မှာ ဘုရားပွဲကျင်းပနေချိန် မုံရွာနဲ့ချောင်းဦးအစပ်နားက ဘုံတိုရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် သီတင်းကျွတ်ဆီမီးသပိတ်ပြုလုပ်နေတဲ့ တော်လှန်ရေးရဲဘော်တချို့နဲ့ ပြည်သူတွေ အယောက် ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် မုံရွာမြို့ပေါ်မှာ ဆုတောင်းပြည့်ဘုရားပွဲ အထိမ်းအမှတ် စစ်အုပ်စုက စတိတ်ရှိုးပွဲပါ ကျင်းပခဲ့ပြီး စတိတ်ရှိုးကို လာကြတဲ့ လူအယောက် ၃၀ လောက်လည်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“အခုလို လူအများ စုဝေးပြီး ညလုံးပေါက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမယ်ဆိုရင် လုံခြုံရေးအရ အထူးသတိထားသင့်ပါတယ်။ စစ်ကောင်စီရဲ့ ရန်သူဟာ လက်နက်ကိုင်တော်လှန်ရေး ရဲဘော်တွေတင်မကဘဲ၊ တော်လှန်ရေးကို ထောက်ခံတဲ့ သို့မဟုတ် ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ အရပ်သားပြည်သူအားလုံးကို ရန်သူလို့ သဘောထားပြီး အချိန်မရွေး အကြမ်းဖက်တိုက်ခိုက်နိုင်တယ်ဆိုတာကို အမြဲတမ်း သတိရကြပါ” လို့ အထက်ပါနယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ် ။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ထားဝယ်ရိုးရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲကို ထားဝယ်မြို့အနှံ့ ကျင်းပခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်း အစုလိုက်အပြုံလိုက် အပြုတ်တိုက်ခံရပြီး အယောက် ၃၀ ကျော်သေကာ ၄၀ ကျော်လက်နက်ချအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ကူတော်ပျူရွာကနေ စစ်ကြောင်းဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က ၃၅ယောက်သေပြီး ၄၃ယောက်ကို လက်နက်ခဲယမ်းအမြောက်အမြားနဲ့အတူ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လက်ပံလှရွာထဲ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာထဲကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ပစ်ခတ်တဲ့ ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း Wetlet Informational Network ထံက သိရပါတယ်။