တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၄)ရက်နေ့ မနက်အစောပိုင်းက ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နဲ့ ပျူစောထီးခေါင်းဆောင် ဦးအေးစိုး (ခ) ခေါင်းဖြူတို့ကို ကော့သောင်းပကဖတပ်ဖွဲ့ဝင်တွေက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက် လမ်းပိုင်းတစ်နေရာမှာ နမ္မနွယ်ရွာနေ ပျူစောထီး သက်ဦးဆိုသူကိုလည်း ကော့သောင်းပကဖတပ်ဖွဲ့ဝင်တွေက ထပ်မံခေါ်ဆောင်လာခဲ့ကြောင်းနဲ့ လမ်းခုလတ်တစ်နေရာအရောက် ထမင်းစားနားထားချိန် ပျူစောထီး သက်ဦးက ဝှက်ယူလာတဲ့ သေနတ်နဲ့အတူ ပကဖတပ်ဖွဲ့ဝင်တွေကို ခုခံရင်း ထွက်ပြေးတာကြောင့် ပကဖတပ်ဖွဲ့ဝင်တွေ နောက်ကနေ လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပြောပါတယ်။

“သူတို့ကို လုံခြုံတဲ့ တစ်နေရာမှာ အေးအေးဆေးဆေး စစ်ဆေးမေးမြန်း ညှိနှိုင်းမယ်။ ပြီးရင်ပြန်လွှတ်မယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ရဲ့ ကားကိုပါ ယူလာခိုင်းတာပါ။ အဲ့မှာ လုံးဖောကျေးရွာအလွန် တစ်နေရာရောက်တော့ နမ္မနွယ်ကျေးရွာနေ ပျူခေါင်းဆောင် ဦးသက်ဦးကိုပါ ထပ်ခေါ်လာခဲ့တာပါ။ သူတို့ကို ဖမ်းလာရင်း အနည်းအကျဥ်းမေးထားပြီးပြီ။ လိုတဲ့အဖြေမရသေးလို့ စိတ်ချရတဲ့နေရာရောက်မှ အေးဆေးမေးမယ်ပေါ့။ အဲ့ဒါနဲ့ နေ့လည်၁၂လောက်ရှိတော့ လမ်းတစ်နေရာမှာ ထမင်းစားနားတာ၊ အဲ့မှာသက်ဦးက သူဝှက်ယူလာတဲ့ မက်(ဂ်)နန်းပစ္စတိုနဲ့ ခုခံပြီး ၃ယောက်လုံး ထွက်ပြေးကြတာပါ။ အမှန်က သူ့မှာ သေနတ်မပါဘူးဆိုတော့ အေးဆေးခေါ်လာလိုက်မိတဲ့ ပေါ့ဆလိုက်မိတဲ့အမှားပါ။ အဲ့မှာသူပစ်လို့ ရဲဘော်တစ်ယောက်ရဲ့ပေါင်ကို ကျည်ရှပ်ထိသွားပါသေးတယ်” လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းမှုအပြီး ကော့သောင်းခရိုင်ပကဖ သိမ်းဆည်းရမိသည့် ပစ္စည်းများ

ပစ်ခတ်ရှင်းလင်းမှုအပြီး စကားပြောစက် (၄)လုံး၊ ဖုန်း (၄)လုံး၊ ကိုးလုံးကျည် ခေါက်ချိုးအရှည် (၁)လက်၊ ကျည် (၃)တောင့်၊ မက်(ဂ်)နန်းပစ္စတို (၁)လက်၊ ကျည် (၅)တောင့်၊ ပြည်သူ့စစ် စိစစ်ရေးကဒ်ပြားတွေနဲ့ Hilux Vigo ကား၁စီးကိုလည်း ပကဖတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး ဝင်းမြင့်နဲ့ ပျူစောထီးခေါင်းဆောင်တွေဟာ PDF တပ်ဖွဲ့ဝင် ၉ယောက် သတ်ဖြတ်ခံရမှုဖြစ်စဥ်မှာ အကြမ်းဖက်စစ်တပ်အတွက် နယ်မြေခံပျူစောထီးတွေအဖြစ် သတင်းပေးလမ်းပြခဲ့ကြောင်းနဲ့ အောင်ပွဲခံပျော်ပါးတာမျိုးတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် သူတို့ရှင်းလင်းမခံရခင် ရက်ပိုင်း၊ လပိုင်းတွေအတွင်း ကော့သောင်းခရိုင်ပကဖ ဘက်က အကြိမ်ကြိမ် ဖုန်းဆက်သတိပေး ဆွေးနွေးတာမျိုးတွေရှိခဲ့ပေမယ့် လက်မခံတာကြောင့် ရှောင်တခင် သွားရောက်ခေါ်ဆောင်ခဲ့ရတာဖြစ်ကြောင်းနဲ့ လူချင်းတွေ့ဆုံရမှာလည်း စစ်ဆေးမှုတွေအပေါ် လက်မခံတာမျိုးတွေ ရှိခဲ့တဲ့အပြင် ပြန်လည်ခုခံတဲ့အတွက် ရှင်းလင်းခဲ့တာဖြစ်ကြောင်း ကော့သောင်းခရိုင်ပကဖဘက်က ပြောပါတယ်။

ဒါ့အပြင် အလားတူ ဖြစ်ရပ်မျိုးတွေထပ်မဖြစ်စေဖို့အတွက် ကော့သောင်းမြို့နယ်အတွင်းက ရပ်/ကျေး အုပ်ချုပ်ရေးနဲ့ ပျူအဖွဲ့တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ခေါ်ယူပြောဆိုရာမှာ ကောင်းကောင်းမွန်မွန် လက်ခံဆက်ဆံကြဖို့နဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင် ရပ်တည်သွားဖို့လည်း တိုက်တွန်းထားပါသေးတယ်။
ကော့သောင်းခရိုင် အတွင်း စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ စစ်အုပ်ချုပ်ရေး ထောက်တိုင်တွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးတာ၊ စစ်မှုထမ်းစုဆောင်းတာတွေ မလုပ်ကြဖို့၊ အရပ်သားတွေလည်း မူးယစ်ဆေးဝါးရောင်းဝယ်တာတွေ မလုပ်ကြဖို့ ကော့သောင်းခရိုင်ပကဖက ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ရှင်းလင်းမှုအပြီး ကော့သောင်းခရိုင်ပကဖ သိမ်းဆည်းရမိသည့် ပစ္စည်းများ
ပစ်ခတ်ရှင်းလင်းမှုအပြီး ကော့သောင်းခရိုင်ပကဖ သိမ်းဆည်းရမိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

သိမ်းပိုက်ထားသည့် မြို့များ စစ်ကောင်စီကို ပြန်ပေးရန် အစီအစဥ်မရှိ၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေး NUG အပါ မဟာမိတ်များနှင့် ဆက်လက်လက်တွဲမည်

အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆီဆုံကုန်းရွာမှာ စစ်ကောင်စီတပ် ရွာပတ်လည် မိုင်းဆင်ကာ လူသတ်ပွဲလုပ်နေ၊ ဒေသခံ ၁၀ ယောက်ကျော် အသတ်ခံထားရပြီး တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ပဲခူးတိုင်း၊ နတ်တလင်းမြို့က ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ ၁၀ ယောက်ကျော်ကို သတ်ဖြတ်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နမခ မှ ထွက်လာသည့် စစ်ကားများကို မုံရွာ-ချောင်ဦးလမ်းပေါ် မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး​ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်​ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၇ယောက် သေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။