စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ မင်းရွာဘက်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက ၄ကြိမ်လောက်ရှိခဲ့ပါတယ်။ ရွာထဲမှာ ထိတွေ့မှုဖြစ်ပြီး အထိနာသွားလို့ ပြန်ဆုတ်သွားတာ၊ ကြာချိန်က ၅နာရီလောက်ရှိမယ်။” လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ဖွဲ့စည်းပုံပျက်ကာ ပြန်လည်ဆုတ်ခွာသွားရတယ်လို့လည်း သိရပါတယ်။

GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြိုပြပြောက်ကျားတပ်ဖွဲဝင်ရဲဘော်များ တိုက်ပွဲဝင်နေစဉ်


“သေဆုံး ဒဏ်ရာရတွေလည်းရှိသလို စစ်သုံ့ပန်းဖမ်းမိတာနဲ့ သိမ်းဆည်းရမိတာတွေလည်း ရှိပါတယ်။ စကမနဲ့ ရွာထဲမှာ တိုက်ပွဲဖြစ်တယ်။ သူတို့တပ်လန်ပြီး ဖွဲ့စည်းပုံပျက်တယ်၊ ပြန်ပြေးပါတယ်။ ဒီလောက်ပဲ ဖြေလို့ရပါဦးမယ်” လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ နယ်မြေခံ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲရုပ်သံဖိုင်ကိုလည်း ထုတ်ပြန်ထားပါတယ်။

Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တပ်ဖွဲ့အနေနဲ့ လက်ရှိမှာ သပိတ်ကျင်း၊ မတ္တရာ စစ်မျက်နှာတွေနဲ့ စစ်ကိုင်းမြို့ဝန်းကျင်မှာလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖြူးမှာ စစ်တောင်းမြစ်ကမ်းဘေးက ရေးဘေးသင့် ပြည်သူတွေကို မြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ကျေးရွာတွေကို အလှူရှင်တွေရဲ့ ကိုယ်စား ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက ဒီနေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် လူထု၏ထောက်ခံမှု ထပ်မံရရှိရေး အလုပ်နှင့် သက်သေပြသွားမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

“အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း များပြားစုံလင်တဲ့ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုကို လက်တွေ့ကျကျ ဆွဲစုပြီး၊ အရှိပကတိကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ရတာဖြစ်တာကြောင့်၊ အကန့်အသတ်တွေ ရှိပါတယ်။ အဲဒီလို အကန့်အသတ်တွေကြားထဲမှာ အလုပ်ဖြစ်အောင် လုပ်ရသလို တော်လှန်ရေးရဲ့ မူလရည်မှန်းချက်ကိုလည်း သွေဖယ်မသွားအောင် အထူးဂရုစိုက်ပြီး လုပ်ခဲ့ကြရပါတယ်”
Read More

ရွေးကောက်ပွဲဥပဒေဖြင့် မတရား ဖမ်းဆီးခံထားရသူ ၇၇ ဦးထက်မနည်း ရှိပြီဟု AAPP ထုတ်ပြန်

အာဏာသိမ်းစစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနီးကပ်လာလေလေ ဝါဒဖြန့်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကိုလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာရာ အခုဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ၇၇ ယောက်အထိ ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း TNLA စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ခဲ့၊ သံဃာတော်များအပါ ပြည်သူ ၁၉ ဦးအထိ သေဆုံးခဲ့

အကြမ်းဖက်စစ်တပ်က အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သံဃာတော်တွေနဲ့ ပြည်သူ ၁၉ ယောက်အထိ သေဆုံးခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။