အင်ဒိုနီးရှားနိုင်ငံ၊ ကေတာပန်မြို့ရှိ ကစားကွင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီး ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာန Liputan6SCTV ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် ညပိုင်းက ဝက်စ်ကလီမန်တန်ပြည်နယ် ကေတာပန်မြို့က ညစျေးပွဲတစ်ခုမှာ ကလေးတွေအတွက် တည်ဆောက်ထားတဲ့ အပျော်စီးစက်တစ်ခု မတော်တဆဖြစ်ကာ ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြိုကျမှုကြောင့် ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ဆေးရုံသို့ ပို့ဆောင်ကာ ကုသစေခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ 

ကေတာပန်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြိုကျမှုဟာ အလေးမခံနိုင်တဲ့အတွက် ပြိုကျခဲ့တာဖြစ်ကာ လုံခြုံရေးစည်းကမ်းသတ်မှတ်ချက်တွေနဲ့ မပြည့်မီရင် တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Video-Fengky Frankee

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူး ၂ ယောက် အပါအဝင် အရာရှိနဲ့ စစ်သည် ၆၁ ယောက် အလင်းဝင်ရောက်လာခဲ့ကြောင်း NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ ဇန်နဝါရီလအတွင်း ဗိုလ်မှူး အောင်မျိုးသွင် ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၃၅ ယောက်နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးစီးတဲ့ အရာရှိ၊ စစ်သည် ၂၆ ယောက် စုစုပေါင်း စစ်ကောင်စီဘက်သား ၆၁ ဟာ  ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 
Read More

ဆိုင်းတောင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်း‌တောင်မှာ စက်တင်ဘာ ၁၉ ရက်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကနေ အင်အား ၈၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုက နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရက် ၂၀ ကြာ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ People's Defence Force -Yenangyaung က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ ပန်းရံပျူစခန်းက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။