ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ပြည်သူတွေ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာကို တားမြစ်ကန့်သတ်ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၉ ရက် မနေ့က အသိပေးတားမြစ်မိန့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပါတယ်။  

စစ်ကော်မရှင်လက်အောက်ခံ အကြမ်းဖက်စစ်တပ်က စစ်ရေးပြင်ဆင်မှုအဖြစ် အာရက္ခတပ်တော်နဲ့  စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ မြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ မြို့တို့မှာ စစ်အင်အားတိုးမြှင့်မှုတွေကို ပင်လယ်ရေကြောင်းကနေတဆင့် ခပ်စိပ်စိပ်ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ချိန်တည်းမှာ အာရက္ခတပ်တော် အပြည့်အဝ ထိန်းချုပ် ထားတဲ့ သံတွဲနဲ့ ဂွ မြို့အနီး ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ သွားလာလှုပ်ရှားမှုတွေကို ပိုမိုပြုလုပ်လာပြီး အဲဒီမြို့တွေပေါ်မှာ ကင်းထောက်လေယာဉ်တွေနဲ့ လှည့်ပတ်ပျံဝဲ ကင်းထောက်လှမ်းမှုတွေကို အခုရက်တွေ အတွင်း အရင်ကထက် ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာတယ်လို့ ပြောပါတယ်။ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့  မြို့တွေထဲက အချို့မြို့တွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူဖို့အတွက် ပြင်ဆင်နေမှုတွေကို အခုရက်တွေအတွင်း ပိုမိုတွေ့ရှိလာရတယ်လို့ AA က ဆိုပါတယ်။  

အဆိုပါ အခြေအနေတွေကြောင့် သံတွဲနဲ့  ဂွ မြို့အနီး ပင်လယ်ပြင်မှာ ည (၆) နာရီကနေ မနက် (၆) နာရီအထိ ညအချိန် ငါးဖမ်းမှုတွေကို အောက်တိုဘာလ (၁၉) ရက် မနေ့ကစပြီး အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေကို အချိန်အကန့်သတ်မရှိ ငါးဖမ်းခွင့်ပြုထားတာဟာ အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်အင်အား ဖြည့်တင်းမှုနဲ့ သူတို့ရဲ့ စစ်ဆင်ရေးအတွက် ငါးဖမ်းလှေတွေ ကို အကာအကွယ်ယူကာ လွတ်လပ်စွာ သွားလာနိုင်တဲ့ အခွင့်အရေးမျိုးကို ဖြစ်ပေါ်စေတာကြောင့် အခုလို တားမြစ်မိန့်ထုတ်တာဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။

အရင်က ပြည်သူတွေရဲ့ စစ်ကာလ အခက်အခဲ၊ အကျပ်အတည်းနဲ့  မိသားစု စားဝတ်နေရေးတွေကို တနိုင်တပိုင်ဖြေရှင်းနိုင်ဖို့အတွက် ပင်လယ်ကမ်းနီးရှိ မြို့၊ ရွာတွေက ရေလုပ်သားတွေကို ပင်လယ်ပြင်မှာ ငါးဖမ်းခွင့် အချိန် အကန့်အသတ်မရှိ AA က ခွင့်ပြုထားခဲ့ပေမယ့် လက်ရှိစစ်ရေးအခြေအနေအရ အခုလို ကန့်သတ်လိုက်ရတာလို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ 

ဒါ့အပြင် အကြမ်းဖက် စစ်တပ်ရဲ့ စစ်သင်္ဘောတွေပေါ်ကနေ ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ငါးဖမ်းလှေတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ရေလုပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကိုပါ ပြုလုပ်နေတာကြောင့် နေ့အချိန် ငါးဖမ်းသွားရင်တောင် ကမ်းဝေးကို သွားရောက်ပြီး မဖမ်းကြဖို့နဲ့  စစ်သင်္ဘောတွေလာနေတာကို မြင်တွေ့ရင် ကမ်းစပ်၊ ကမ်းနီးဆီ အမြန်ဆုံးဆိုက်ကပ်လာဖို့ AA က အသိပေး တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

သံတောင်ကြီးတွင် မြေပြိုမှုများကြောင့် လူ ၈ ဦး ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၈ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွထံက ကနဦး သိရပါတယ်။ 
Read More

ရေစကြိုတွင် အင်အားအလွန်အကျွံဖြင့် စစ်ကြောင်းထိုးသည့် စစ်အုပ်စု အယောက်၂၀ ကျော် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရကာ ဆုတ်ခွာသွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ရက်ကြာ ခုခံတိုက်ခိုက်ရာ စစ်အုပ်စု အယောက် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 
Read More

အင်အားပြင်းစစ်ကိုင်း ငလျင်လှုပ်ခတ်အပြီး မြေပြင်ပုံစံပြောင်းလဲသွားမှုကို နာဆာက ထုတ်ပြန်

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA အပစ်ရပ် သဘောတူညီမှုကြောင့် တရုတ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်

MNDAA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်နိုင်ငံဘက်ကထုတ်ပြန်လိုက်ပြီးတဲ့နောက်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်တယ်လို့ ဒေသခံတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်တွေမှာ အသိပေး ရေးသားလာကြပါတယ်။
Read More

စစ်ကိုင်းနှင့် ကလေးတွင် စစ်တပ်ဂိတ်နှင့် စစ်ကူကားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ကလေးမြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်ဂိတ်နဲ့ စစ်ကူကားတွေ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက် ၈ ယောက်သေဆုံးကာ အများပြားထိခိုက်သွားတယ်လို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေ ကသတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးနဲ့ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးစစ်သားတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။